လိုင်စင်မဲ့ကား ဟုတ်၊ မဟုတ် နှင့် ယာဉ်မှန်၊ မမှန် စစ်ဆေးပြီးပါက အမည်ပြောင်းအခွန်ဆောင်ရမည်မဟုတ်ဘဲ ပုံမှန်အတိုင်းလုပ်ငန်းဆောင်ရွက်ပေးမည်

0

Full article

မော်တော်ယာဉ်များကို တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ်နှင့် လိုင်စင်မဲ့ယာဉ်ဟုတ်၊ မဟုတ်စစ်ဆေးပြီးပါက ယာဉ်အမည်ပြောင်းအခွန်ပေးဆောင်ရမည်မဟုတ်ဘဲ ပုံမှန်အတိုင်း လုပ်ငန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

လူမူကွန်ရက်ပေါ်တွင် ယာဉ်မှန်၊ မမှန်လာစစ်သည့်ကားများ အမည်ပြောင်းအခွန်ဆောင်ရမည်ဟု သတင်းများထွက်ပေါ်နေရာ ကောလဟာလသတင်းသာဖြစ်ပြီး မည်သည့်အမိန့်တစ်စုံတရာမှ ထုတ်ပြန်ကြေညာခြင်းမရှိကြောင်း နှင့် အမည်ပြောင်းအခွန်ပေးဆောင်ရန်အတွက်လည်း လုပ်ဆောင်သွားရန်မရှိသေးကြောင်းသိရသည်။

" ယာဉ်မှန်၊ မမှန်လာစစ်တဲ့ကားတွေ အမည်ပြောင်းအခွန်ပေးဆောင်ရမယ်ဆိုတာမဟုတ်ပါဘူး။ ဘာအမိန့်မှလည်း မထုတ်ထားပါဘူး။အမည်ပေါက်ဖြစ်ရင်တော့ကောင်းပါတယ်။ လတ်တစ်လော အမည်ပြောင်းအခွန်ပေးရမယ်ဆိုတာ လုပ်ဆောင်ဖို့လည်း မရှိသေးပါဘူး။"ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များကို ဝယ်ယူရာတွင် လိုင်စင်မဲ့ကားများ ဟုတ်၊ မဟုတ် နှင့် စာရွက်စာတမ်း မှန်၊ မမှန် တို့ကိုစစ်ဆေးရန်လိုအပ်ပြီး လစဉ်လတိုင်း ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ယာဉ်မှန်၊မမှန် စစ်ဆေးပေးမှုများပြုလုပ်ပေးနေရာ လိုင်စင်မဲ့ယာဉ်အဖြစ်တွေ့ရှိပါက သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
Regulation
Breaking News

Author