၂ဝ၁၈ နှစ်စတွင် နယ်အပ်ကားများ ရန်ကုန် လိပ်စာဖြင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားရန်ရှိ

0

Full article

၂ဝ၁၈ နှစ်စတွင် နယ်အပ်ကားများ ရန်ကုန်လိပ်စာဖြင့် ခွင့်ပြုပေးခြင်းကို ရပ်ဆိုင်းလာနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနနဲ့ နီးစပ်သူ လုပ်ငန်းရှင်များမှ သိရသည်။

"၂ဝ၁၈ ဇန်နဝါရီ လမှာ စမယ်လို့ ကြားနေတယ်။ နယ်အပ်ကားတွေ ရန်ကုန် လိပ်စာ နဲ့စလစ်ထုတ်ပေးနေတာကို ရပ်တော့မယ်လို့ သတင်းတွေထွက်နေတယ်။အမှန်တကယ် ဆို ယာဉ်ကြောပိတ်ဆို့မှူ ဖြေလျှော့ဖို့ အတွက် ကားပါကင်တွေ ကားရပ်နားတဲ့ နေရာတွေ ဆောက်ဖို့ လုပ်ပေးသင့်တာပါ။ ယာဉ်အိုယာဉ်ဟောင်း အပ်တာကလည်း သူ့အလိုလို ပျောက်တော့မယ့်ဟာကို ဘာလို့ ထပ်ပြီး ကန့်သတ်ချင်နေတာလည်းမသိဘူး။"လို့ စလစ်အရောင်းအဝယ်ပြုလုပ်နေသူ ဦးမျိူးလှိူင် က ပြောပါတယ်။

ပြည်နယ်နှင့် တိုင်းများတွင် ယာဉ်အိုယာဉ်ဟောင်း အပ်ကားများအပ်နှံ၍ ပုံစံ(ဃ)စလစ်ထုတ်ယူပြီး ရန်ကုန်လိပ်စာဖြင့် ရရှိရန် စလစ်များ ပြုလုပ်နေလျှက်ရှိကြောင်း ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲအနေဖြင့်လည်း ယခင်ကတည်းက နယ်မှ ကားတစ်စီး ရန်ကုန်ဝင်ရောက်လိုပါက ကားပါကင်ထောက်ခံချက်ပါရှိမှသာ ခွင့်ပြုပေးရန် လုပ်ဆောင်ခဲ့ပြီး ပြည်ပမှတင်သွင်းသည့် ယာဉ်များကို စလစ်ကပ်မည်ဆိုပါက ရန်ကုန်လိပ်စာဖြင့် ခွင့်မပြုရန် ကန့်သတ်ထားခြင်း မရှိခဲ့ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန က သိရသည်။

ကားများအား ရန်ကုန်လိပ်စာဖြင့် စလစ်ထုတ်ပေးနေပါသောကြောင့် မလိုအပ်ဘဲ နယ်ကားများ ရန်ကုန်သို့ တရားမဝင် ဝင်ရောက်နေခြင်းကို စီစစ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ / မရှိကို သိရှိလိုပါကြောင်း မင်္ဂလာတောင်ညွှန့်မြို့ နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဒီဇင်ဘာ ၁၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုခဲ့ရာတွင် " ယခုလက်ရှိမှာတော့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံ ပြီး အစားထိုးတင်သွင်းတဲ့ ယာဉ်များအတွက် ရန်ကုန်တိုင်း မှ အပ်နှံတဲ့ယာဉ် တွေကိုသာ ရန်ကုန်တိုင်း ပါမစ် ထုတ်ပေး ရန်အတွက် ကျွန်မတို့အနေနဲ့ စတင်ပြီးစီစဉ်ဆောင်ရွက်လျက်နေပါတယ် "လို့ လျှပ်စစ် ၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုထားရှိသည်။

R-01

Author