လိုင်စင်ပါမစ်မရရှိဘဲ ကုန်ပစ္စည်းရောက်ရှိနေခြင်းဖြစ်တဲ့ VPA အကောက်ခွန်ဒဏ်ကြေးဖြေလျော့သွားရန် ရှိ

0

Full article

![width=300](/redline/content/images/2017/06/1-1-300x200.jpg)

Photo Credit

ပြည်ပနိုင်ငံကနေ ကားတင်သွင်းရာတွင် လိုင်စင်ပါမစ်မရရှိဘဲ ကုန်ပစ္စည်းကြိုတင်ရောက်ရှိနေခြင်းဖြစ်တဲ့ အကောက်ခွန်ဒဏ်ကြေးဖြေလျှော့သွားဖွယ်ရှိနေတယ်လို့ အကောက်ခွန်ဦးစီးဌာန ကနေသိရပါတယ်။၂ဝ၁၇ ခုနှစ်တွင် ပြည်ပနိုင်ငံတွေကနေ ကားတင်သွင်းရာတွင် သတ်မှတ်ထားရှိတဲ့ အကောက်ခွန်ဒဏ်ကြေးတစ်ခုဖြစ်တဲ့ ကားတင်သွင်း လိုင်စင်ပါမစ်မရရှိဘဲ ကုန်ပစ္စည်း ကြိုရောက်ရှိနေခြင်း၊ ကုန်ပစ္စည်း ရောက်ရှိပြီးမှ လိုင်စင်ပြင်ဆင်ချက်ပြုလုပ်ခြင်းတို့ကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်း ရန် သတ်မှတ်ထားတဲ့‌အကာက်ခွန် ဒဏ်ကြေးကို ပြင်ဆင်သွားနိုင်ရန်တင်ပြထားတယ်လို့ သိရပါတယ်။ လိုင်စင်ပါမစ်မရဘဲ ကုန်ပစ္စည်းရောက်ရင် ကားကို သိမ်းဆည်းမယ်ဆိုတဲ့ ဒဏ်ကြေးက အရမ်းများပါတယ်။ တစ်ချိူ့ဆို အကြောင်း အမျိူးမျိူး နဲ့ သင်္ဘောနောက်ကျတာတွေရှိတယ်။ အဲဒီအပိုင်းက ကားတင်သွင်းသူနဲ့မဆိုင်ဘူး။ သဘော်င်္လိုင်းနဲ့ ပဲဆိုင်တာ။ ရက်အနည်းငယ်က နောက်ကျနိုင်တာပဲ။ ပုံသေ တွက်ထားလို့ရတဲ့အရာမဟုတ်ဘူး။ အဲ့ဒီ ဒဏ်ကြေးကို ပြင်ဆင်ပေးဖို့လည်းတင်ပြထားတယ်။ အမြန်ဆုံး လုပ်ဆောင်ပေးရင်တော့ ကောင်းမယ်။ဟု အကောက်ခွန် လုပ်ငန်းများနဲ့ နီးစပ်တဲ့ ကားတင်သွင်းသူများကနေပြောပါတယ်။ လက်ရှိ ချမှတ်နေသော အကောက်ခွန်ဒဏ်ကြေး များပြားနေသဖြင့် ကားတင်သွင်းသူများ အများကြီးဆုံးရှူံးမှူများဖြစ်ပေါ်နေရာ ယခင် ၂ဝ၁၆ အကောက်ခွန် ဒဏ်ကြေးအတိုင်းသာ ချမှတ်ထားသင့်ပြီး ကားသိမ်းဆည်းမည့် ဒဏ်ကြေးဆိုသည်က လုပ်ငန်းရှင်များ နစ်နာမှူတွေဖြစ်နေတယ်လို့ သိရပါတယ်။

ခေတ်သစ်

Author