လိုင်စင်သက်တမ်းကုန် ID မဖွင့်သော ပါမစ်များကို ဒဏ်ကြေးမသတ်မှတ်တော့ပဲ ID ဖွင့်ခွင့်ပေးရန် BOT အဖွဲ့မှ ဆုံးဖြတ်သွားမည်ဟု သိရ

0

Full article

လိုင်စင်သက်တမ်းကုန် ID မဖွင့်သော ပါမစ်များကို (1/4 AV) ဒဏ်ကြေးမသတ်မှတ်တော့ပဲ ID ဖွင့်ခွင့်ပေးရန် BOT အဖွဲ့မှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။

ယခင်က လိုင်စင်သက်တမ်းကုန် ပါမစ်များကို ID ဖွင့်ခွင့်ပေးရန် အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဒဏ်ကြေးသတ်မှတ်၍ ခွင့်ပြုသွားမည့်စနစ်ကျင့်သုံးမည်ဟု လျာထားရာကနေ ယခုကဲ့သို့ BOT အဖွဲ့မှ ဆုံးဖြတ်သည့် စနစ်သို့ ပြောင်းသွားခြင်းဖြစ်သည်။

လိုင်စင်သက်တမ်းကုန်ဆုံးသော ကားများအတွက် ID ဖွင့်ခွင့်ရရန် လိုင်စင် ရက်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနနှင့် နီးစပ်သူများက ပြောကြားသည်။

"လိုင်စင်သက်တမ်းကုန်ပြီး ID ဖွင့်ခွင့်မရတဲ့ကားတွေအတွက် 1/4 AV ဒဏ်ကြေးဆိုတာမဟုတ်ပါဘူး။ ဒဏ်ကြေးအနည်းဆုံးဖြစ်ဖို့အတွက် BOT အဖွဲ့နဲ့ ဆုံးဖြတ်သွားမယ်။ အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ ဒဏ်ကြေးသတ်မှတ်သွားမှာပါ။ "ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် လိုင်စင် သက်တမ်းကုန်ဆုံးသော်လည်း ID ပေးမဖွင့်ခြင်းမှာ ကြိုတင်ကြေငြာခြင်းမရှိဘဲ mass system ကို ရုတ်တရက်ပြောင်းလဲလိုက်သောကြောင့် ဆိပ်ကမ်းတွင် ကားရာက်ရှိနေသူများ နစ်နာနေလျှက်ရှိကြောင်းနှင့် ဆိပ်ကမ်းတွင် ကားထားခအတွက် သတ်မှတ်ဒဏ်ကြေးများပေးဆောင်နေရပြီး bill of loading မရရှိ သေးသည့်ကားများအပေါ် ယခုလိုကြိုတင် မကြေငြာဘဲ လုပ်ဆောင်မည်ဆိုလျှင် ကားတင်သွင်းသူများအတွက်နစ်နာမှု များရှိလာနိုင်ကြောင်း သိရသည်။

Regulation

Author