လိုင်စင်သက်တမ်းကုန် ID ဖွင့် ကားများ ရက်အလိုက် 1/12 AV ဒဏ်ကြေးမှ 1/90 ဒဏ်ကြေးသတ်မှတ်မည်

0

Full article

လိုင်စင်သက်တမ်းကုန် ID ဖွင့်လှစ်သော ကားများကို ရက်အလိုက် 1/12 AV ဒဏ်ကြေးမှ 1/90 ဒဏ်ကြေးသတ်မှတ်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန က သိရပါသည်။

ထိုကဲ့သို့ သွင်းကုန်လိုင်စင် သက်တမ်းကုန်ဆုံးပြီး ID ဖွင့်လှစ်သော ကားများကို ရက်ပေါင်း ၆ဝ (၂ လ) အတွင်း ဒဏ်ကြေးအသီးသီးချမှတ် သတ်မှတ်သွားမည်ဖြစ်ရာ ရက်ပေါ်င်း ၆ဝ ကျော်ပါက သိမ်းဆည်းဒဏ်ကြေးအဖြစ်သတ်မှတ်နိုင်ကြောင်း သိရသည်။

" လိုင်စင်သက်တမ်း ကုန်ဆုံးပြီး ID ဖွင့်ခွင့်မရတဲ့ကားတွေအတွက် အနိမ့်ဆုံးဒဏ်ကြေး 1/12 AV ကနေ 1/90 AV ဒဏ်ကြေးအသီးသီးသတ်မှတ်သွားမယ်။ ဒါကလည်း ရက်အလိုက် ၂ လအတွင်းကိုသွင်းကုန်လိုင်စင် သက်တမ်းကုန်မှ ID လာဖွင့်တဲ့ကားတွေအတွက်ပါ။ " ဟုအကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သွင်းကုန်လိုင်စင် သက်တမ်းကျော်လွန်ပြီး ID လာရောက်ဖွင့်လှစ်ထားသော ကားများအတွက် ရက် ၂ လအထိ ကျော်လွန်ပါက ဒဏ်ကြေးအနည်းအများ အလိုက်ကွာခြားသွားမည်ဖြစ်ရာ မကြာခင် ထိုကားများအတွက် ပေးဆောင်ရမည့်ဒဏ်ကြေးများကို ကြေငြာပေးမည်ဖြစ်ကြောင်း သိရသည်။

law enforcement

Author