Full article

Lexus ကုမ္ပဏီမှ ကမ္ဘာ့ပထမဦးဆုံး လူသားတို့၏ နှလုံးခုန်နှုန်းကို ဖော်ပြသည့် ကားသစ်တစ်စီးကို တီထွင်ခဲ့ပါတယ်.။ ဒီကားဟာ ကားမောင်းသူရဲ့ နှလုံးခုန်နှုန်းကို ကားရဲ့ပြင်ပကိုယ်ထည်ပေါ်မှာ ပြသပေးမှာဖြစ်ပါတယ်.။

ကားတစ်စီးလုံးကို ဖော့စ်ဖရက်ခေါ် အနုမြူပါဝင်တဲ့ ဆေးနဲ့ သုတ်လိမ်းထားတာဖြစ်ပြီး ဒီဆေးရဲ့ ထူးခြားချက်ကတော့ လျှပ်စစ်ဓါတ်စီးဝင်မှု ဖြစ်ပေါ်တဲ့အခါ ကားရဲ့ ကိုယ်ထည်ကို တောက်ပလာစေပါတယ်.။ လူသားရဲ့ နှလုံးခုန်နှုန်းကို ဖမ်းယူနိုင်ဖို့အတွက် ကားမောင်းသူဟာ အထူးပြုလုပ်ထားတဲ့ Sensor တွေပါဝင်တဲ့ ကိရိယာကို ခန္ဓာကိုယ်မှာ တပ်ဆင်ထားရမှာဖြစ်ပါတယ်.။

ဒီကားကို တည်ဆောက်ခဲ့ရာမှာ (၆) လကြာမြင့်ခဲ့ပြီး Concept ကားတစ်စီးအနေနဲ့ တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် လမ်းမတွေပေါ်မှာတွေ့မြင်ရဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်.။

ကားကို စမ်းသပ်မောင်းနှင်ထားတဲ့ Youtube Video ကိုတော့ အောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်.။

Youtube Link: https://youtu.be/Q3N7BOLDR5w

Ref: Business Insider

Aung Mon Chan

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author