Full article

Back to the Future II ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးသူတိုင်း အဲဒီရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသား စီးနင်းခဲ့တဲ့ Hoverboard ခေါ် လေထဲမှာ ပျံသန်းနိုင်တဲ့ စကိတ်ဘုတ်ကို သိကြပါလိမ့်မယ်.။

တကယ်လို့ Subway Surfers ဂိမ်းကို ဖုန်းနဲ့ကစားဖူးသူတွေဆိုလဲ ဂိမ်းထဲမှာအသုံးပြုလို့ရတဲ့ Hoverboard ကို သိကြမှာပါ.။

အဲဒီလို Hoverboard မျိုးကို အပြင်လောကမှာ Lexus ကားကုမ္ပဏီက တီထွင်လိုက်ပြီဖြစ်ပါတယ်.။

ဝါးကို သတ္တုအနားသတ်နဲ့ ပြုလုပ်ထားတဲ့ ဒီ Device ကို အသေတပ်ဆင်ထားတဲ့ သံလိုက်တွေနဲ့ နိုက်ထရိုဂျင်ကို အအေးခံထားတဲ့ superconductors တွေကို အသုံးပြုပြီး လေထဲမှာ မြှောက်တင်ထားနိုင်တာဖြစ်ပါတယ်.။

လတ်တလောမှာ လမ်းမတွေပေါ်မှာ စီးသွားဖို့တော့ မျှော်လင့်လို့ မရနိုင်သေးပါဘူး.။ Device ဟာ သံသတ္တုတွေပေါ်မှာပဲ မောင်းနှင်သွားလာနိုင်သေးလို့ဖြစ်ပါတယ်.။ ဒါ့အပြင် ဒီအချိန်မှာ Device ဟာ Prototype အဆင့်သာရှိသေးပြီး ရောင်းချဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်.။

Lexus က လွှင့်တင်ထားတဲ့ Teaser Video ကို ကြည့်ရှုချင်သူများအတွက်တော့ အောက်ပါလင့်ခ်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်.။

https://youtu.be/7zTCgMPZRuo

Author