ကားလမ်းနှင့်ရထားလမ်းဆုံသည့်နေရာတွင် level crossing ၈ ခုကို တပ်ဆင်မည်

0

Full article

ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ကားလမ်းနှင့် ရထားလမ်း ဆုံသည့် နေရာ (level crossing) ၌ ကားများ ဖြတ်ကူးရာတွင် ကြံ့ကြာနေမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပိုမိုမြန်ဆန်သော level crossing ၈ ခုကို မကြာခင် တပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား ကသိရသည်။

" ရန်ကုန်မြို့ပတ်ရထားလမ်းရဲ့ ကားလမ်းနဲ့ ရထားလမ်းတွေ ဆုံတဲ့နေရာကို အဆင့်မြင့်ရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ အထူးသဖြင့် ကားလမ်းကူး နေရာကြီး ၈ ခုကို လုပ်ဆောင်သွားမှာပါ ။ ရထားလမ်းပေါ် ကားတွေ ဖြတ်တဲ့အခါမှာ မြန်မြန် ဖြတ်ဖို့လိုပါတယ် ။ မြန်မြန်ဖြတ်နိုင်ဖို့ဆိုရင် လမ်းချောမွေ့ဖို့လိုပါတယ် ။ ဒါကြောင့် လမ်းကြောင်းချောမွေ့ဖို့အတွက် ၄စုံရောက်ပါပြီ ။ မကြာခင်မှာတပ်ဆင်ပါတော့မယ် ။ အော်တိုမက်တစ် ဂိတ်တွေလုပ်ဆောင်နိုင်တဲ့အတွက် ကားတွေက အချိန်ကြာမြင့်စွာရပ်မစောင့်ရတော့ပါဘူး "ဟု မြန်မာမီးရထားမှ ဦးထွန်းအောင်သင်း ကပြောကြားသည်။

မြန်မာ့မီးရထား မြို့ပတ်လမ်းအဆင့်မြှင့်တင်ချိန်ကာလတွင် ရထားလမ်းပိုင်းအချို့ ပိတ်ရခြင်းများရိုမည်ဖြစ်သော်လည်း မူလပြေးဆွဲနေသည့် ခရီးစဉ်များကိုထိခိုက်မှုအနည်းဆုံးဖြင့် ပုံစံမပျက်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

မြန်မာ့မီးရထားမြို့ပတ်လိုင်းတွင်ပြေးဆွဲနေသည့် ရထားများအနေဖြင့် ရထားကြီး ၁၃ ဆိုင်း၊BRE 12 ဆိုင်း၊ စုစုပေါင်း ၂၅ဆိုင်းခန့်ရှိပြီး၊ ခေါက်ရေအားဖြင့် တစ်နေလျှင် ၂၂ဝခေါက်ပြေးဆွဲကာ လူဦးရေ ၉သောင်း ခန့်ကိုနေ့စဉ်ပို့ဆောင်ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါ မြို့ပတ်၇ထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကိုဆောင်ရွက်ရာတွင် ဂျပန် ODA ချေးငွေနှင့် နိုင်ငံတော်ဘတ်ဂျတ်တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျပန်ချေးငွေမှာမေရိကန်ဒေါ်လာ၂ဝ၆ဒသမ၅၃ သန်းပါဝင်ကာ၊ နိုင်ငံတော်ဘတ်ဂျတ်ဖြင့်ဆောင်ရွက်ရမည်အပိုင်းမှာ အမေရိကန်ဒေါ်လာ ၉၄ဒသမ၇၆ သန်း ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁ဝဒသမ၂၉သန်းကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

Infrastructure

Author