Brand New ကားများ ရောင်းချသော Showroom များအနေဖြင့် မော်ဒယ်အသစ် ကားအစီးရေ ၁ဝဝ အထိ တင်သွင်းနို်င်သော်လည်း ဘယ်မောင်းများသာဖြစ်ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။
Showroom များအနေဖြင့် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်ပြီး( လက်ရှိကာလတွင် ၂ဝ၁၃ မော်ဒယ်လ်နှင့် ၂ဝ၁၂ မော်ဒယ်လ်) အသုံးမပြုရသေးသော Brand New ကား အစီးတစ်ရာအထိ မှာယူတင်သွင်းနိုင်သော်လည်း မြန်မာနိုင်ငံသည် လက်ယာဘက်ကပ်မောင်းသော စနစ်သုံးသည့် နိုင်ငံဖြစ်သည့်အတွက် တင်သွင်းလာသောယာဉ်များကို ဘယ်မောင်းစနစ်သာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တစ်ဦးခြင်းပါမစ်ဖြင့် Brand New ကားများ တင်သွင်းပါကလည်း ဘယ်မောင်းယာဉ်များကိုသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုလကုန်မှစ၍ တစ်ပတ်ရစ်ကားများ ရောင်းချသော ကားအရောင်းစင်တာများကို ၂ဝဝ၈ မော်ဒယ်လ်မှ ၂ဝ၁၁ မော်ဒယ်လ်အကြား ကားများအား တရားဝင်တင်သွင်းရောင်းချခွင့်ပြုထားရာ တင်သွင်းလာသောကားများကို ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ ခွင့်ပြုပေးမည်ဖြစ်ကြောင်းသိရှိရသည်။
Brand New ကားများ တင်သွင်းရောင်းချလိုသည့် အရောင်းစင်တာများအနေဖြင့် မော်တော်ယာဉ်အသစ်များကို ထုတ်လုပ်သည့် ပင်ရင်းကုမ္ပဏီမှ ဖြစ်စေ၊ ထုတ်လုပ်သည့် ကုမ္ပဏီ၏ ဒေသတွင်း တရားဝင် ရောင်းချခွင့်ရရှိထားသည့် ကုမ္ပဏီအဖွဲ့အစည်းမှ ဖြစ်စေ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသစ်များ ဖြန့်ဖြူးရောင်းချရန် အရောင်းကိုယ်စားလှယ်အဖြစ် တရားဝင် ခန့်အပ်ခံထားရသူ ဖြစ်ရမည်ဖြစ်ကြောင်း သိရှိရသည်။
Auto Mobile journal မှ ကူးယူဖော်ပြသည်။
Photo credit by Renato