နှစ်မကုန်ခင် ညာမောင်းကားများ တင်သွင်းရန်လုပ်ဆောင်၊ စလစ်ဈေး သိန်း ၁၄ဝ ကျော် ထိမြင့်တက်

0

Full article

Zawgyi

၂ဝ၁၈ အတွက် ကားတင်သွင်းရမည့် မိုဒယ်သတ်မှတ်ချက် တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် ဘယ်မောင်းကားများ ကိုပဲ တင်သွင်းခွင့်ရမည်ဆို၍ နှစ်မကုန်ခင် ညာမောင်းကားများ တင်သွင်းရန် လုပ်ဆောင်လာရာ သက်တမ်းနှစ် ၂ဝ စလစ်ဈေးနှုန်းမှာ သိန်း ၁၄ဝ ကျော်အထိ မြင့်တက်လာနေသည်ဟု ကားအရောင်းအဝယ်ဈေးကွက်အတွင်း စလစ်ဝယ်ရောင်း ပြုလုပ်နေသူများထံကနေ ကြားသိရသည်။

"နောက်နှစ်မှာ ဘယ်မောင်းတွေပဲ သွင်းဖို့ အမိန့်ကလည်း တရားဝင်ထွက်လာပြီ။ အဲ့တော့ ညာမောင်း စလစ်ကပ်သွင်းရမယ့်ကားတွေအဝယ်လိုက်လာတယ်။ စလစ်ကလည်း ဈေးကွက်ထဲမှာ လိုသလောက် မရှိတော့ဘူး။ မနေ့ကအထိ စလစ်ဈေးက သိန်း ၁၄ဝ လောက်အထိရှိလာတယ်။ ဈေးကထပ်တက်လာဖို့ပဲရှိတယ်။"ဟု စလစ်ဈေးကွက်တွင် စလစ်အရောင်းအဝယ်ပြုလုပ်နေသော ကိုမျိူးလွင်ဦးက ပြောကြားသည်။

မိုဒယ်နိမ့် ခရီးသည်တင် ဘတ်စ်ကားများကို ကားဟောင်းများအဖြစ် အပ်နှံခွင့်ပေးခြင်းမရှိသလို သက်တမ်း နှစ်၂ဝ စလစ်များမှာလည်း အပ်နှံမှု မရှိသလောက်ရှားပါးလာနေသည်ဟု သိရသည်။

ကားတင်သွင်းခွင့် မူဝါဒ ထွက်ပေါ်လာသည့် ရက်ပိုင်းအတွင်း သက်တမ်းနှစ် ၂ဝ စလစ်ဈေးများမှာ ကျပ်သိန်း ၁၃၅ သိန်း၊ CIF 5000 တန်တင်သွင်းခွင့်ရသည့် တိုက်ကြေစလစ်ကားများမှာ ကျပ်သိန်း ၁၁၈နှင့် ဘတ်(စ်)စလစ်မှာ ၆၈ သိန်းအထိ အသီးသီးမြင့်တက်လျက်ရှိကြောင်းသိရသည်။

Author