မြဝတီနယ်စပ်က ကားတင်သွင်းခြင်းကို မတ်လကုန်ကစ၍ country original ဘယ်မောင်း ကားများသာ တင်သွင်းခွင့်ပေးမည်

0

Full article

မြဝတီနယ်စပ်ကနေ ကားတင်သွင်းရာတွင် ထိုင်းနိုင်ငံထုတ် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့် ပေးတော့မည် ဖြစ်ကြောင်းနှင့် အခြားနိုင်ငံများက တစ်ဆင့်ခံ တင်သွင်းခြင်းကို ရေလမ်းကနေသာခွင့်ပြုတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါသည်။

နယ်စပ် တရားမဝင်ဂိတ်များမှတစ်ဆင့် ကားတင်သွင်းခြင်းကို ဟန့်တားနိုင်ရန်အတွက် ထိုကဲ့သို့ လုပ်ဆာင်ခြင်းဖြစ်ပြီး တင်သွင်းလာသော နိုင်ငံမှ အကောက်ခွန် ထောက်ခံချက်ပါရှိရမှာဖြစ်ကြောင်း သိရသည်။

"မတ်လကုန်ကစပြီးတော့ မြဝတီနယ်စပ်တွေက ကားသွင်းတာကို country original ကားတွေကိုပဲ တင်သွင်းခွင့်ပေးမယ်။ Transit လုပ်ပြီး တစ်ဆင့် တင်သွင်းတာကို ခွင့်မပြုတော့ပါဘူး။ နိုင်ငံတကာလို တရားဝင်တံတားပေါ်ကနေဘဲ ပေးဖြတ်တော့မှာပါ။"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူကပြောပါတယ်။

လက်ရှိတွင် နယ်စပ်ဒေသတွေကနေ ကားတင်သွင်းခွင့်ပေးရာတွင် လုပ်ငန်းသုံးကားအမျိူးအစားများဖြစ်သည့် deliver van၊ မီနီထရပ်၊ လိုက်ထရပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်ယန္တရားများ၊ နှင့်မီနီဘတ်(စ်)စီးတီး ဘတ်(စ်)များသာ တင်သွင်းခွင့်ပေးနေကြောင်း သိရပါသည်။

Regulation

Author