ယာဉ်မှန်၊ မမှန်ယာဉ်စစ်ပေးခြင်း online booking စနစ် ရက်ပိုင်းအတွင်း စတင်ကျင့်သုံးမည်

0

Full article

မှတ်ပုံတင်ယာဉ်မှန်ကန်ခြင်းရှိ၊ မရှိစစ်ဆေးပေးခြင်းကို အလှည့်ကျ ယာဉ်များ တန်းစီစစ်ဆေးခြင်းစနစ်မှ ကြိုတင်ရက်ချိန်းယူပြီး စစ်ဆေးပေးသည့် online booking စနစ်သို့ ရက်ပိုင်းအတွင်း စတင်ကျင့်သုံးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ထိုကဲ့သို့ မှတ်ပုံတင်ယာဉ်မှန်ကန်ခြင်းရှိ၊မရှိနှင့် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို online booking စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ပေးရာတွင်လည်း နှစ်လဲသက်တမ်းတိုးလုပ်ငန်းများ ပြုလုပ်ပြီးစီးသည့် နေ့လည် ၂ နာရီမှသာ ဆောင်ရွက်ပေးမည်ဖြစ်ရာ သတ်မှတ်ချိန်ထက်နောက်ကျပါက online ရက်ချိန်းစာရင်းမှ အလိုအလျှောက်ပယ်ဖျက်သွားမည်ဖြစ်ပြီး ယာဉ်အစားထိုးလုပ်ငန်းဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်းသိရသည်။

"အခုဖြစ်နေတာက ကားအရောင်းအဝယ်လုပ်သမျှကို ယာဉ်မှန်၊ မမှန် လာစစ်ကြတယ်။ ဒါကြောင့် လာမယ့်အပတ်က စပြီး online booking ကိုစကျင့်သုံးပါမယ်။ ဒီနေ့အထိနမူနာပုံစံတွေကို ဝန်ကြီးဌာနဝက်ဆိုက်ဒ်မှာတင်ထားပါတယ်။ အကယ်၍ ယာဉ်မမှန်ဘူးဆိုရင်တော့ လိုင်စင်မဲ့ကားအဖြစ် တစ်ပါးတည်း သိမ်းဆည်းသွားမှာပါ။ "ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယခုအခါတွင် ယာဉ်အရောင်းအဝယ်ပြုလုပ်ရာတွင် အခွံချိန်း၊ အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲလာသည့်ကို စစ်ဆေးတွေ့ရှိပါ က ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်သိမ်းဆည်းသွားမည်ဆိုသော သတင်းများကြောင့် ယာဉ်မှန်၊ မမှန်စစ်ဆေးပြီးမှသာ ဝယ်ယူမှုများရှိနေပြီး ယာဉ်တစ်စီးအားထိခိုက်မှုဖြစ်လာပါကပြင်ဆင်ရန်အခက်တွေ့နေလျှက်ရှိကြောင်း သိရသည်။

မော်တော်ယာဉ်များကို online booking စနစ်ဖြင့် ကြိုတင်ရက်ချိန်းယူပြီး ယာဉ်မှန်၊ မမှန်စစ်ဆေးပေးသွားမည်ဖြစ်ရာ မိမိဝယ်ယူမည့်ယာဉ်အားသက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးတွင် ယာဉ်မှန်၊ မမှန် စစ်ဆေးပြီးမှ ဝယ်ယူအသုံးပြုသင့်ကြောင်းအသိပေးထားရှိသည်။

Author