New Range Rover Evoque မိတ်ဆက်ပွဲအခမ်းအနားကို Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်

0

Full article

ပြီးခဲ့သော သောကြာနေ့ညနေပိုင်းက Land Rover Myanmar ၏ Range Rover Evoque အသစ် မိတ်ဆက်ပွဲအား Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ပိုမိုကောင်းမွန်လာသည့် ဒီဇိုင်း၊ ဆန်းသစ်လှသည့် တီထွင်မှုများစွာ ဖြည့်ဆည်းတပ်ဆင်ပေးထားသော New Range Rover Evoque သည် မွမ်းမံမှု၊ စွမ်းဆောင်ရည်နှင့် ကြာရှည်ခံမှု စံနှုန်းသစ်များဖြည့်ဆည်းထားသည့် luxury compact SUV ဖြစ်သည်ဟု Land Rover Myanmar ကဆိုသည်။

အထူးသဖြင့် ကျစ်လစ်စွာဖြင့် စူးရှတောက်ပလှသည့် 3ᴿᴰ Generation LED မီးများ၊ ကားအရှေ့ Bonneo ကို X-ray နှင့်ဖေါက်ထွင်းမြင်ရသကဲ့သို့ ဘီးများကို အတိုင်းသားမြင်တွေ့ရနိုင်သည့် ClearSight Ground View နည်းပညာ၊ ကားအနောက်ပစ္စည်းထားခန်း အပေါ်ခေါင်တွင်တပ်ဆင်ပေးထားသည့် shark fin တွင်မြှုပ်နှံထားသော ကင်မရာမှတစ်ဆင့် အနောက်မြင်ကွင်းများကို အချိန်မရွေးကြည့်ရှုနိုင်သည့် ClearSight Rear View နည်းပညာ၊ safety ပိုင်းနှင့် design ပိုင်းကို များစွာအထောက်အကူပေးနိုင်သည့် တံခါးအတွင်းမြှုပ်နှံထားသည့် flush door handles စသည်တို့သည် New Range Rover Evoque ၏ ကနဦးတွေ့မြင်နိုင်သော ထူးခြားချက်များဖြစ်၏။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှု၊ 20mm ပိုရှည်သွားသော wheelbase ကြောင့် နေရာလွတ်များစွာ ပိုမိုရရှိလာနိုင်မှု၊ two-wheel drive နှင့် four-wheel drive ကို လမ်းအခြေအနေတောင်းဆိုမှုအပေါ်မူတည်ပြီး အလိုအလျောက်အပြောင်းအလဲလုပ်ပေးနိုင်စွမ်းရှိသော Active Driveline အပြင် Steering Assist ၊ Adaptive Cruise Control အစရှိသည့် အဆင့်မြင့်နည်းပညာများစွာလည်း တပ်ဆင်ပေးထားသည်ကိုတွေ့ရသည်။

မိတ်ဆက်ပွဲအခမ်းအနားတွင် ထူးထူးခြားခြားအဖြစ် 3D Mapping နည်းပညာဖြင့် New Range Rover Evoque အား အမှန်တကယ်မောင်းနှင်သွားလာသကဲ့သို့ မြင်တွေ့ရနိုင်သည့် features များကိုထည့်သွင်းပြသသွားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

Author