GAC Motor မှနေ၍ ကားသစ်နှစ်မျိုး မိတ်ဆက်ပွဲအခမ်းအနားကို Myanmar Plaza ၌ကျင်းပပြုလုပ်

0

Full article

GAC Motor မှနေ၍ 2019 ထုတ် all new GS5 နှင့် GM6 ကားသစ်နှစ်စီးမိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့သော သောကြာနေ့က  Myanmar Plaza Promotion Area ၌ကျင်းပပြုလုပ်ခဲ့သည်။

ဈေးနှုန်း

GS5 : $43,888 (Preorder)
GM6 : $39,888 (Preorder)

All new GS5 မှာ လူ ၅ ယောက်စီး SUV အမျိုးအစား ဖြစ်ပြီး 150hp အထိစုစုပေါင်းပါဝါထုတ်လွှတ်ပေးနိုင်သော 1.5-litre အင်ဂျင်တပ်ဆင်ထားသည်။ လမ်းနှင့်မောင်းနှင်သူအခြေအနေကိုလိုက်ပြီး ဆီစားနှုန်းမှာ ပျမ်းမျှ 31.3mpg အထိရရှိနိုင်မည်ဟု GAC ကဆိုထား၏။ အရှေ့၊ အနောက်၊ နေ့ထွန်းမီး တို့ကို LED မီးများအသုံးပြုပေးထားခြင်း၊ 8-inch LCD infotainment မျက်နှာပြင်နှင့် ကြိုးမဲ့အားသွင်းစနစ် စသည့်ခေတ်မီ အတွင်းခန်းနည်းပညာများပါဝင်ခြင်း၊ China-NCAP ၏ ကြယ်ငါးပွင့်ဆုရ ခေတ်မီ safety ပိုင်းဆိုင်ရာများ စုံလင်စွာတပ်ဆင်ပေးထားခြင်း စသည်တို့သည် all new GS5 ဖြစ်၏အားသာချက်များဖြစ်လေသည်။

All new GM6 မှ လူ ၇ ယောက်စီး MPV အမျိုးအစားဖြစ်ပြီး 169hp အထိစုစုပေါင်းပါဝါထုတ်လွှတ်ပေးနိုင်သော 1.5-litre အင်ဂျင်ကိုတပ်ဆင်ပေးထားသည်။ လမ်းနှင့်မောင်းနှင်သူအခြေအနေကိုလိုက်ပြီး ပျမ်းမျှဆီစားနှုန်းမှာ 31.7mpg အထိရရှိနိုင်မည်ဟု GAC ကဆိုထားသည်။ 8-inch LCD infotainment မျက်နှာပြင်တပ်ဆင်ပေးထားပြီး speaker ခြောက်လုံးတပ်ဆင်ပေးထားသည်ကိုတွေ့ရသည်။ GM6 သည်လည်း safety ပိုင်းနှင့်ပတ်သက်၍ China-NCAP ၏ ကြယ်ငါးပွင့်ဆုရ ကားပင်ဖြစ်သည်။

မိတ်ဆက်ပွဲအခမ်းအနားကို Miss Universe Myanmar များ၊ Dancers များ၊ အဆိုတော်များဖြင့် ခမ်းခမ်းနားနားကျင်းပခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက် (စနေနှင့် တနင်္ဂနွေ) နေ့များတွင်လည်း GAC ကားများကို အထူး Promotion အစီအစဉ်များဖြင့် Myanmar Plaza Promotion Area ၌ပင် ဆက်လက်ကျင်းပရောင်းချသွားမည်ဟုသိရသည်။

Author