ကုန်စည်ပို့ဆောင်ခြင်းနှင့် ပတ်သက်သော ၀န်ဆောင်မှုပေးသူများအတွက် ကုန်တင်ကားနှင့် နောက်တွဲယာဉ်များ အလွယ်တကူ ငှားရမ်းအသုံးပြုနိုင်သော Smart Trailer Sharing Platform

0

Full article

ရိုးမမော်တော်ယာဉ်များလီမိတက်သည် ကုန်စည်ထောက်ပံ့ပို့ဆောင်သည့် အခန်းကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသော အသေးစားနှင့်အလတ်စား ၀န်ဆောင်မှုကုမ္ပဏီများအတွက် နည်းပညာမြင့် နောက်တွဲယာဉ်နှင့် ကုန်တင်ယာဉ်များ ကို အလွယ်တကူ ငှားရမ်းအသုံးပြုနိိုင်ရန်အတွက် Smart Trailer Sharing Platformနှင့် စတင်မိတ်ဆက်လိုက်သည်။ အဆိုပါဝက်ဘ်ဆိုက်သည် ခေတ်မီနည်းပညာနှင့် ဖန်တီးထားသော အသုံးပြုရန် လွယ်ကူသည့် ဒီဇိုင်းများကို အသုံးပြုထားသည်။

“အခုအချိန်မှာ ကုန်စည်ထောက်ပံ့ပို့ဆောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေအတွက် လိုအပ်တဲ့ကာလ အပိုင်းအခြားအတိုင်း နောက်တွဲယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို အလွယ်တကူ ငှားရမ်းအသုံးပြုနိုင်တဲ့၀န်ဆောင်မှုကို ထပ်မံတိုးချဲ့မိတ်ဆက်နိုင်တဲ့အပေါ် မှာ ၀မ်းမြောက်မိကြောင်း” ရိုးမမော်တော်ယာဉ်များ လီမိတက်မှ တာဝန်ရှိသူ Mr. Allan Davidson (Head of Vehicle Leasing and Rental) မှ ပြောကြားခဲ့သည်။

Smart Trailer Sharing Platform မှတစ်ဆင့် ကုန်တင်ယာဉ်များ အမျိုးအစား စုံလင်စွာ ငှားရမ်းနိုင်မည်ဖြစ်သည်။ နေ့အလိုက်မှ စတင်၍ လအပိုင်းအခြားအထိ ငှားရမ်းအသုံးပြုနိုင်သည့် ကုန်တင်ယာဉ်များမှာ Container Carrier (ကွန်တိန်နာသယ်ယာဉ်) ၊ Low Bed (ယန္တရားတင်ယာဉ်)၊ Drop Deck၊ Curtain Sider အစရှိသည့် ကုန်တင်ယာဉ် များအပြင် Cement Trailer (ဘိလပ်မြေတင်ယာဉ်) များကိုလည်း ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် Yoma Trucks & Trailers အနေဖြင့် သီလဝါဆိပ်ကမ်း၊ ရန်ကုန်၊ မန္တလေးရှိ ကုန်တွင်း ဆိပ်ကမ်းများ၊ မြဝတီအစရှိသည့်နေရာများတွင် ကုန်တင်ယာဉ်နှင့် နောက်တွဲယာဉ်များငှားရမ်းနိုင်မည့်နေရာများ (Rental Hub) ထားရှိပြီး မကြာမီကာလများ၌ မူဆယ်မြို့တွင်လည်းထားရှိသွားမည်ဖြစ်သည်။ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတွင် ၀န််ဆောင်မှုပေးသော လုပ်ငန်းများအနေဖြင့် စိတ်ဝင်စားပါက www.yomarentals.asia ဝက်ဘ်ဆိုက်ကို ၀င်ရောက်လေ့လာနိုင်မည်ဖြစ်သည်။

Author