Rental Hubs အသစ်များဖွင့်လှစ်ခြင်းနှင့်အတူ ဘယ်မောင်းကားသစ်ငှားရမ်းခြင်းလုပ်ငန်းကို ထပ်မံတိုးချဲ့လိုက်သည့် Yoma Car Share

0

Full article

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ နို၀င်ဘာ ၂၅ ရက် - လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ကိုယ်တိုင်မောင်းကားအငှားလုပ်ငန်းကိုဦးဆောင်လျက်ရှိသော Yoma Car Share သည် လတ်တလော rental hubs အသစ်များကို ရန်ကုန်မြို့၌ဖွင့်လှစ်ခြင်းဖြင့် ၎င်းတို့၏ကွန်ယက်ကိုတိုးချဲ့လျက်ရှိသည်။ မကြာသေးမီက ဦးဝိစာရလမ်းပေါ်တွင် People’s Park Rental Hub ကိုဖွင့်လှစ်ခဲ့ပြီးနောက် Yoma Car Share ၏ ဝန်ဆောင်မှုပေးနေသောနေရာများမှာ မြန်မာနိုင်ငံအနှံ့ ၂၅ နေရာအထိရှိ၍လာပြီဖြစ်၏။ ထို့အပြင် ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းရှိ အသုံးပြုသူများ၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းနိုင်ရန် အကောင်းဆုံးကြိုးစားဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုထားသည်။

Yoma Car Share မှကားများကို ငှားရမ်းအသုံးပြုရန်ရာတွင် လိုအပ်ချက်ပေါ်မူတည်၍  နာရီအလိုက်၊ နေ့အလိုက်၊ ရက်သတ္တပတ်အလိုက်၊ လအလိုက်ငှားရမ်းနိုင်သည်။ ထို့ပြင်ငှားရမ်းသူများသည် RFID နည်းပညာသုံး tap cards များအသုံးပြုကာ ကားများကို နီးစပ်ရာ rental hubs တွင် လွယ်ကူအဆင်ပြေစွာ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။ Yoma Car Share မှ ကားအငှား၀န်ဆောင်မှုကို အသုံးပြုသူလိုများသည် www.yomacarshare.com တွင် membership လျှောက်ထားခြင်း သို့မဟုတ် မိုဘိုင်းလ် applications (iOS and Android) မှတစ်ဆင့် လွယ်ကူစွာ register လုပ်နိုင်သည်။ Registration approval ရသည်နှင့်တစ်ပြိုင်နက် နှစ်သက်ရာကားကို လုပ်ဆောင်ရမည့် နည်းလမ်းအဆင့်ဆင့်အတိုင်းလုပ်ဆောင်ကာ လွယ်ကူစွာရွေးချယ်ငှားရမ်းအသုံးပြုနိုင်မည််ဖြစ်သည်။

Yoma Car Share ၏ National Sales Manager ဦးဆက်နောင်မှ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ Rental Hubs အသစ်တွေဖွင့်လှစ်ပြီး ဈေးကွက်ချဲ့ထွင်နိုင်ခဲ့တာကို ဂုဏ်ယူမိပါတယ်။ လတ်တလောမှာတော့ ရန်ကုန် ဦးဝိစာရလမ်းပေါ် မှာရှိတဲ့ People’s Park မှာဖွင့်ခဲ့ပြီးပါပြီ။ သုံးစွဲသူတွေရဲ့ နေ့စဉ်လူနေမှုဘ၀မှာ ကိုယ်ပိုင်ကားရှိစရာမလိုဘဲ သူတို့လိုအပ်ချက်ပုံစံအလိုက် အမျိုးမျိုးသော မော်တော်ယာဉ်တွေရွေးချယ်နိုင်တဲ့အခွင့်အလမ်းသစ်တွေကို ကျွန်တော်တို့အားစိုက်ဖန်တီးနေပါတယ်။ ခေတ်သစ်အင်ဂျင်နည်းပညာအရ ကျွန်တော်တို့ဆီက ကား အသစ်တွေဟာ ရေရှည်တည်တံ့ခိုင်မြဲခြင်းနဲ့ ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချဖို့အတွက်လည်း အထောက်အပံ့ပေးပါတယ်။” ဟု ရှင်းလင်းပြောကြားခဲ့သည်။

ငှားရမ်းအသုံးပြုမည့်သူ၏ လိုအပ်ချက်အပေါ်မူတည်ကာ ကားအမျိုးအစားအစုံအလင်ကို စိတ်ကြိုက်ငှားရမ်းအသုံးပြုနိုင်သော Yoma Car Share သည်၎င်းတို့၏ ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆက်လက်လုပ်ဆောင်နေပြီး ငွေပေးချေမှု နည်းလမ်းများကိုလည်း ပိုမိုအဆင်ပြေကောင်းမွန်အောင်ဆောင်ရွက်သွားရန်ရှိနေသည့်အပြင် မြန်မာနိုင်ငံတစ်ဝှမ်း rental hubs များတိုးချဲ့ဖွင့်လှစ်နိုင်ရန်လည်း ရည်ရွယ်ထားသည်ဟုသိရသည်။

Author