Santa Fe 2020 နှင့် Sonata 2020 မိတ်ဆက်ပွဲအခမ်းအနားအား Hyundai Motor Myanmar မှ Myanmar Plaza ၌ကျင်းပ

0

Full article

တောင်ကိုရီးယား ကမ္ဘာကျော်မော်တော်ယာဉ်အမှတ်တံဆိပ် Hyundai ကို မြန်မာနိုင်ငံသို့ တရားဝင်ကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချလျက်ရှိသော Hyundai Motor Myanmar သည် ယနေ့ (၁၉၊ ၁၂၊ ၂၀၁၉) တွင် SUV အမျိုးအစား Santa Fe 2020 နှင့် saloon အမျိုးအစား Sonata 2020 ကားသစ်နှစ်စီးကို Myanmar Plaza ၌မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့သည်။

SUV အမျိုးအစားဖြစ်သော Santa Fe 2020 တွင် R 2.0 CRDi ဒီဇယ်အင်ဂျင်ကို အသုံးပြုထားပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှု 182hp အထိရရှိနိုင်မည်၊ 0-100kph အမြန်နှုန်းရရှိရန်အတွက် 11.3-second ကြာမြင့်မည်ဖြစ်ပြီး အမြင့်ဆုံးအနေဖြင့် 201kph နှုန်းအထိမောင်းနှင်နိုင်မည်ဖြစ်ကာ ပျမ်းမျှဆီစားနှုန်းမှာ 16.3kpl အထိရှိမည်ဟုဆိုထားသဖြင့် စိတ်ဝင်စားဖွယ်ကောင်းသော SUV တစ်စီးဟုဆိုရမည်ဖြစ်သည်။ Santa Fe 2020 ၏ ဈေးနှုန်းမှာ US$55,000 ဖြစ်ပြီး ထူးခြားသည်မှာ အရည်အသွေးအာမခံ ခုနစ်နှစ် သို့မဟုတ် ကီလိုတစ်သိန်းခွဲ ပေးထားခြင်းဖြစ်သည်။

Saloon အမျိုးအစားဖြစ်သော Sonata 2020 တွင် Nu 2.0 MPi ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှု 150hp အထိရရှိနိုင်မည်၊ 0-100kph အမြန်နှုန်းရရှိရန်အတွက် 10.5-second ကြာမြင့်မည်ဖြစ်ပြီး အမြင့်ဆုံးအနေဖြင့် 200kph နှုန်းအထိမောင်းနှင်နိုင်မည်ဖြစ်ပြီး ပျမ်းမျှဆီစားနှုန်းမှာ 14kpl အထိရှိမည်ဟုဆိုထားသဖြင့်စီး၍ပျော်သော Saloon တစ်စီးဟုဆိုရမည်ဖြစ်သည်။ Sonata 2020 ၏ ဈေးနှုန်းမှာ US$42,600 ဖြစ်ပြီးအရည်အသွေးအာမခံ ငါးနှစ် သို့မဟုတ် ကီလိုတစ်သိန်းနှစ်သောင်း ပေးထားသည်။

ယခုမိတ်ဆက်ပြသခဲ့သည့် Hyundai ၏ Santa Fe နှင့် Sonata အမှတ်တံဆိပ်နှစ်မျိုးစလုံးသည် နိုင်ငံတကာတွင်လည်း အောင်မြင်မှုရရှိထားသော Hyundai ၏ ထုတ်ကုန်များဖြစ်ကြသည်။ SKD နှင့် ထုတ်လုပ်ထားခြင်းမဟုတ်သောကြောင့် ရန်ကုန်လိုင်စင်တော့ တစ်ပါတည်း ရရှိမည်မဟုတ်ပေ။

Author