စံချိန်တင်ကိန်းဂဏန်းများဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် CARSDB AUTO SHOW YANGON 2019

0

Full article

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များတွင် The One Entertainment Park ၌  သုံးရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့သည့် CARSDB AUTO SHOW YANGON 2019 ပွဲကြီးသည် ကားအစီးရေအားဖြင့်လည်းကောင်း၊ စုစုပေါင်းရောင်းချငွေအားဖြင့်လည်းကောင်း စံချိန်များစွာတင်ခဲ့သည့်အတွက် လက်ရှိမြန်မာနိုင်ငံတွင် အောင်မြင်မှုအရှိဆုံး Auto Show ဟုဆိုရမည်ဖြစ်သည်။

အဆိုပါ CARSDB AUTO SHOW YANGON 2019 ပွဲကြီးတွင် မြန်မာနိုင်ငံ၏ လူကြိုက်များသည့် ကား Brand များဖြစ်ကြသော BAIC ၊ Borgward ၊ Chevrolet ၊ Ford ၊ GAC ၊ Gold AYA ၊ Hyundai (Cherry MyKo) ၊ Isuzu (မြန်မာမော်တာ) ၊ Jaguar ၊ Land Rover ၊ Mitsubishi ၊ Nissan ၊ Suzuki (မြန်မာမော်တာ) နှင့် Toyota (Toyota Aye & Sons) တို့မှ ပါဝင်ပြသရောင်းချခဲ့ခြင်းဖြစ်သည်။ ထို့အပြင် King of Car နှင့် CarsDB Premium Assists တို့မှလည်း တစ်ပတ်ရစ်မော်တော်ယဉ်များကို ပါဝင်ပြသရောင်းချခဲ့သောကြောင့် ပိုမိုစိတ်ဝင်စားစရာကောင်းလှသော ပြပွဲတစ်ခုဖြစ်ခဲ့သည်။

ထို့ထက်ပို၍ မော်တော်ယာဉ်နှင့် ဘဏ်ဆက်စပ်လုပ်ငန်းအတွက် AYA Bank မှဝင်ရောက်ပြသခဲ့သည့်အပြင် Denko ဆီဆိုင်နှင့် BMF (ကားအရစ်ကျနှင့် ချေးငွေဝန်ဆောင်မှုလုပ်ငန်း) တို့မှလည်း ပါဝင်ပြီး ၎င်းတို့၏ ဝန်ဆောင်မှုများကိုပြသရောင်းချခဲ့ကြသည်။ ကားပြပွဲကို ပိုမိုစုံလင်စေသည်မှာ ကားနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းရောင်းချသည့် ဆိုင်ခန်းများလည်း အများအပြားပါဝင်ခဲ့ခြင်းဖြစ်သည်။

ယခုကျင်းပပြုလုပ်ခဲ့သည့် CARSDB AUTO SHOW YANGON 2019 သည် ခုနှစ်ကြိမ်မြောက်ဖြစ်ပြီး စံချိန်တင်ရောင်းချရမှုနှင့် စံချိန်တင်ဝင်ငွေရရှိခဲ့သည်ဟုဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သည့် ဇန်နဝါရီလက ကျင်းပခဲ့သည့် CARSDB AUTO SHOW RELOADED YANGON 2019 တွင်

  • လာရောက်ကြည့်ရှုသူပေါင်း တစ်သောင်းကျော်
  • စုစုပေါင်းရောင်းချခဲ့ရသည့် ကားအစီးရေ နှစ်ရာ့ငါးဆယ်ကျော်
  • စုစုပေါင်းရောင်းရငွေ အမေရိကန်ဒေါ်လာ ရှစ်သန်းကျော်ရှိခဲ့ရာမှ

ယခုကျင်းပပြီးစီးခဲ့သည့် CARSDB AUTO SHOW YANGON 2019 (နိုဝင်ဘာ) ပွဲတွင်မူ

  • လာရောက်ကြည့်ရှုသူပေါင်း နှစ်သောင်းကျော်
  • စုစုပေါင်းရောင်းချခဲ့ရသည့် ကားအစီးရေ ခြောက်ရာ့နှစ်ဆယ်
  • စုစုပေါင်းရောင်းရငွေ အမေရိကန်ဒေါ်လာ ဆယ့်ရှစ်သန်းကျော်အထိ ရှိခဲ့သဖြင့် ကိန်းဂဏန်းအရ များစွာသောပမာဏဖြင့် စံချိန်တင်လိုက်နိုင်သည်ဟု ဆိုနိုင်ပေသည်။

CarsDB သည် ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ရောင်းသူနှင့် ဝယ်သူများကို အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ပေးကာ မြန်မာနိုင်ငံ၏ ပထမဆုံး Portal ကြီးတစ်ခုအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံး Auto Show ပွဲများကို ကြီးမှူးကျင်းပနေသော Carsdb အနေဖြင့် လာမည့် ၂၀၂၀ခုနှစ်၊ နှစ်အစပိုင်းတွင် မန္တလေးမြို့၌ ကြီးကျယ်ခမ်းနားသည့် Auto Show ပွဲကို ကျင်းပပြုလုပ်သွားဦးမည်ဖြစ်သည်။

Author