ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၌ အာဆီယံဒေသတွင်းနိုင်ငံတွေထက် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုတို့ ပိုမိုတိုးတက်ခဲ့

0

Full article

မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုတွင် အာဆီယံနိုင်ငံများ၌ ၂၀၁၉ ခုနှစ်တွင် ၂၀၁၈ ခုနှစ်ထက် ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုတို့တွင် ၂၀၁၉ ခုနှစ်၌ ၂၀၁၈ (ကာလတူ) ကထက် တိုးတက်ခဲ့ပြီး မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုများတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများကြား တိုးတက်မှုအမြင့်မားဆုံးဖြစ်ခဲ့ကြောင်း Asean Automotive Federation(AFF) ၏ထုတ်ပြန်ချက်အရသိရသည်။


၂၀၁၉ နိုဝင်ဘာလအထိစာရင်းများအရ အာဆီယံနိုင်ငံများ၏ ၂၀၁၉ မော်တော်ယာဉ်ရောင်းချမှုမှာ ၃,၁၄၇,၈၂၂ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် (ကာလတူ) ၌ အာဆီယံနိုင်ငံများ၏ မော်တော်ယာဉ်ရောင်းချမှုမှ ၃,၂၃၄,၅၆၀  စီး ရှိခဲ့သည့်အတွက် ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ အာဆီယံနိုင်ငံများ၏ မော်တော်ယာဉ်ထုတ်လုပ်မှုမှာ ၂၀၁၉ နိုဝင်ဘာလအထိစာရင်းများအရ အစီးရေ ၃,၈၅၈,၄၅၈ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိစာရင်းများအရ အာဆီယံနိုင်ငံများ၏ မော်တော်ယာဉ် ထုတ်လုပ်မှုမှာ အစီးရေ ၄,၀၃၆,၈၅၃ ရှိခဲ့သည့်အတွက် ၄.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း Asean Automotive Federation (AFF) မှထုတ်ပြန်ထားသည်။

သို့သော် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ရောင်းချမှုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ စာရင်းများအရ ၁၉,၂၇၄ စီးရှိခဲ့ပြီး ၂၀၁၈ (ကာလတူ) တွင် ၁၅,၃၆၅ စီးရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏မော်တော်ယာဉ်ရောင်းချမှုမှာ ၂၅.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး မော်တော်ယာဉ်ထုတ်လုပ်မှုတွင်လည်း ၂၀၁၉ နိုဝင်ဘာလအထိစာရင်းများအရ ၁၄,၀၄၂ စီးရှိခဲ့ပြီး ၂၀၁၈ (ကာလတူ) တွင် ၁၀,၈၆၃ စီးရှိခဲ့သည့်အတွက် ၂၉.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရသည်။

၂၀၁၉ နိုဝင်ဘာလအထိတွင် ၂၀၁၈ ခုနှစ် (ကာလတူ)ထက် မော်တော်ယာဉ် ရောင်းချမှုတွင် အခြားသောအာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်းနိုင်ငံသည် ၆.၆ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံသည် ၃.၃ ရာခိုင်နှုန်း၊ ဗီယက်နမ် နိုင်ငံသည် ၁၃.၆ ရာခိုင်နှုန်း တို့ အသီးသီး တိုးတက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသည် ၁၁.၆ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသည် ၀.၂ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံသည် ၃.၂ ရာခိုင်နှုန်း၊ ထိုင်း နိုင်ငံသည် ၁.၁ ရာခိုင်နှုန်း အသီးစီးကျဆင်းခဲ့သည်။ ထို့အပြင် ၂၀၁၉ နိုဝင်ဘာလအထိ မော်တော်ယာဉ်ထုတ်လုပ်မှုတွင်လည်း ၂၀၁၈ ခုနှစ် (ကာလတူ) ထက် မလေးရှားနိုင်ငံ ၁.၁ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံ ၁၆.၁ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ၄.၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၅.၉ ရာခိုင်နှုန်း၊ ဗီယမ်နမ်နိုင်ငံ ၁၂.၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း AFF ၏ထုတ်ပြန်ချက်အရသိရသည်။


၂၀၁၉ ဒီဇင်ဘာလတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမှတ်ပုံတင်ဌာနတွင် ပြည်ပတင်သွင်းယာဉ် ၂,၉၁၄ စီးနှင့် ပြည်တွင်း SKD စနစ်ထုတ်ယာဉ် ၂,၂၆၆ စီး မှတ်ပုံတင်ခဲ့ကြောင်းသိရသည်။

Author