Full article

ကမ္ဘာ့အမြန်ဆုံးကားဖြစ်တဲ့ Bugatti Veyron ရဲ့ အစီး (၄၅ဝ) မြောက် နောက်ဆုံးကားကို ရောင်းချလိုက်ပြီဖြစ်ပါတယ်.။ Bugatti ဟာ Veyron ကို Limited Edition အဖြစ် အစီး (၄၅ဝ)သာ ထုတ်လုပ်ရောင်းချမှာဖြစ်ကြောင်း ကြေညာထားပြီး နောက်ဆုံးကားကို ဝယ်ယူသွားသူမှာ အရှေ့အလယ်ပိုင်းဒေသမှ Customer တစ်ဦးဖြစ်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်.။

အစီး (၄၅ဝ) မြောက်ကားကို La Finale လို့ အမည်ပေးထားခဲ့ပြီး အင်ဂျင်ပါဝါ မြင်းကောင်ရေ 1183 ကောင်အား ရှိပါတယ်.။ 0-62 mph ကို 2.5 စက္ကန့်အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်.။ Top speed ကတော့ 267.86 mph ရှိပါတယ်.။ အစီး (၄၅ဝ) မြောက်ကားကို ရှေ့လာမယ့်တစ်ပတ်အတွင်း ကျင်းပမယ့် ဂျီနီဗာကားပြပွဲမှာ ပထမဆုံးထုတ်လုပ်တဲ့ Veyron ကားနဲ့အတူ ယှဉ်တွဲပြသမှာဖြစ်ပါတယ်.။

ကုမ္ပဏီဟာ နောက်ထပ်ကားမော်ဒယ်အသစ် တစ်မျိုးကိုလဲ ဖန်တီးနေပြီး လာမယ့်နှစ်မှာ ဈေးကွက်တင်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်.။

Author