အကြမ်းခံပြီး နည်းပညာမြင့်မားသည့် Land Rover ရဲ့ New Discovery

0

Full article

Land Rover သည် နည်းပညာမြင့်မားပြီး လူကြိုက်များလှသည့် လမ်းကြမ်းများ မောင်းနှင်နိုင်သော Discovery အမျိုးအစား ကားအသစ်ကို စက်တင်ဘာ ၈ ရက်နေ့က Land Rover car showroom ၌ မိတ်ဆက်ပေးခဲ့ပါ သည်။

လှပကျော့ရှင်းပြီး ခုံတန်း ၃ ခုပါ လူ ၇ ဦးစီးနိုင်သော ဘက်စုံအသုံးပြုနိုင်သည့် New Discovery ကားသစ်ကို ကျန်သည့် ကားများက ယှဉ်ပြိုင်နိုင်ဖို့မလွယ်ပါ။ လွန်ခဲ့သော ၂၇နှစ် ကတည်းက Discovery အမျိုးအစားကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သုံးစွဲသူပေါင်း ၁.၂ သန်းရှိပါသည်။

ယခု New Discovery မှာ Land Rover ၏ မျိုးဆက်ငါးဆက်မြောက် Discovery အမျိုးအစားကားဖြစ်ပြီး လုံခြုံစိတ်ချရသော ဒီဇိုင်းလှပသေသပ်လွန်းသည့် ကားတစ်စီးပင်ဖြစ်သည်။ New Discovery အား ယခုလို ဒီဂျစ်တယ်ခောတ်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။ အဆင့်မြင့်နည်းပညာက သင့်မိသားစုကို လုံခြုံစေပြီး ဘယ်လို လမ်းခရီးကြမ်း၊ ဘယ်လိုရာသီဥတုမျိုးနှင့်ပင်ကြုံနေပါစေ သင်သွားလိုသည့်ခရီးကို ရောက်အောင် ဆောင်ကြဉ်းပေးနိုင်သည့် ကားဖြစ်ပါသည်။

Land Rover ၏ ဒီဇိုင်းအရာရှိချုပ် Gerry McGovern က "New Discovery ကားက SUV ကားကြီးတွေရဲ့ အဓိပ္ပယ်ကို ပြန်လည်ဖွင့်ဆိုသွားမှာဖြစ်ပါတယ်။ Land Rover ဒီဇိုင်းနှင့် အင်ဂျီနီယာအဖွဲ့က လူတိုင်းလိုလားပြီး ဘက်စုံအသုံးပြုနိုင်ကာ အထူးစွမ်းဆောင်ရည်ရှိတဲ့ SUV ကားကို ဖန်တီးထုတ်လုပ်ဖို့ Discovery ရဲ့ မျိုးရိုးဗီဇ DNA ကို တော်လှန်ပြင်ဆင်ပြောင်းလဲလိုက်ပါတယ်။ ပိုမိုများပြားသည့် customer အသစ်များထံသို့ Dicovery Family ကို မိတ်ဆက်ပေးမယ့် တော်လှန်ပြောင်းလဲလိုက်သော ဒီဇိုင်းဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။



Author