Full article

Luxury Car တွေ စိတ်ဝင်စားတဲ့ ဝါသနာရှင်တွေကတော့ ဒီသတင်းကို ကြိုက်ကြမှာပါ။

ကမ္ဘာ့ဈေးအကြီးဆုံး ပြိုင်ကားတွေသာ ထုတ်လေ့ရှိတဲ့ Lamborghini က SUV တွေထုတ်လုပ်ပါတော့မယ်ဆိုပြီး မနေ့က Beijing မှာ ကျင်းပတဲ့ Auto Show မှာ ပြသသွားပါတယ်။ အင်ဂျင်ပါဝါ 600 HP ရှိတဲ့အဆိုပါ SUV တွေဟာ Lamborghini ရဲ့ စံအတိုင်းအင်မတန်မြန်တဲ့ SUV တွေဖြစ်လာမှာပါ။ Concept name ကတော့ Urus လို့ခေါ်ပြီး စပိန်နိုင်ငံရဲ့ ရှေးကျတဲ့ ကျွဲရိုင်းသတ်ပွဲတွေထဲက အမည်နာမတစ်ခုကို ယူသုံးထားတာပါ။

ဒီနှစ်ဟာ Luxury Brands တွေ SUV စပြီးထုတ်တဲ့ ထူးခြားတဲ့နှစ်တစ်ခုဖြစ်ပါတယ်။ Ferrari က နှစ်စမှာ Four-seater FF ကို စတင်ထုတ်လုပ်ခဲ့တယ်။ နောက် Tesla ကလည်း Electric SUV တစ်စီးထုတ်ဖို့ ကြေငြာခဲ့ပြီး Bentley ကလည်း ဒီလအစောပိုင်းမှာ နောက်ဆုံး လုပ်သွားတဲ့ New York Auto Show မှာ သူ့ရဲ့ Bentley SUV ကိုပြသခဲ့ပါတယ်။ SUV တွေဟာ လွတ်လပ်ပြီး စိတ်လှုပ်ရှားစရာကောင်းမှု ကို သရုပ်ဖော်တယ်လို့ Stephan Winkelmann, the president of Automobili Lamborghini က ဖြေကြားပါတယ်။ Urus ရဲ့ ကနဦး အဓိက ဈေးကွက်တွေကတော့ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနဲ့ အထူးသဖြင့် တရုတ်တို့ပဲဖြစ်ပါတယ်။ တရုတ်ပြည်မှာ ဇိမ်ခံ SUV ကားတွေ အရမ်းအဝယ်လိုက်နေတဲ့ အချိန်ဖြစ်လို့ Lamborghini က အချိန်ကောင်းကို အမှီလိုက်တာပါ။

urus-suv-2-500x311

Lamborghini ရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ Volkswagen အနေနဲ့ အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်ရသေးသော်လည်း luxury SUV တွေကြားမှာ CO2 emission အနည်းဆုံးဖြစ်အောင် လုပ်မယ်ဆိုပြီး အဓိကရည်ရွယ်ချက်ထားပါတယ်ဟု Chief Designer, Filippo Perini ကပြောပါတယ်။ Body design က မြှားပုံလို ခပ်ချွန်ချွန်ဖြစ်ပြီး၊ Y-Shaped မီးကြီးတွေနဲ့ တပ်ဆင်ထားပါတယ်။ ပြိုင်ကားနဲ့ အလွန်တူတယ်ပြောရပါမယ်။ LED နှင်းခွဲမီးတွေပါဝင်ပြီး ဧရာမ ၂၄-လက်မ ဘီးကြီးတွေလဲပါဝင်ပါမယ်။

urus-suv-500x280

New York မှာ ပြသခဲ့တဲ့ ပဏာမ ကားပုံစံငယ်ပြပွဲမှာ လာကြည့်သူ ပညာရှင်တွေရဲ့ Review တွေကတော့ အတော်ကောင်းပါတယ်။ Production မှာသာ ဒီအတိုင်းထုတ်နိုင်မယ်ဆိုရင် Lamborghini ရဲ့ အမြန်ဆုံးရောင်းထွက်မဲ့ ကားတွေထဲက တစ်စီးဖြစ်လာမှာပါ။ ပထမအသုတ်မှာ အစီး ၃ဝဝဝ ထောင် စတင်ရောင်းချမယ်လို့လဲကြားသိရပါတယ်။ (စိတ်ဝင်စားစရာ တစ်ချက်အနေနဲ့ ၁၉၈ဝ ဝန်းကျင်က Lamborghini က LM002 ဆိုပြီး SUV တစ်မျိုးထုတ်ပါသေးတယ်၊ သို့သော် အစီး ၃ဝဝ သာရောင်းရပြီး ၁၉၉၂ မှာ ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပါတယ်။)

Urus ကားကိုဈေးတော့မသတ်မှတ်ရသေးပါဘူး။ သို့သော် ဒေါ်လာငွေ ၄သိန်းအောက်မနည်းဘူး ဆိုတာ တော့ MyanmarCarsDB က ယုံကြည်ပါတယ်။ ထုံးစံအတိုင်း လူနည်းစုသာ စီးနိုင်မှာကတော့ မလွဲရှောင်သာပေဘူးပေါ့။

Reference: Forbes

Author