Full article

ကမ္ဘာကျော် ပြိုင်ကားများထုတ်လုပ်တဲ့ Lamborghini ဟာ SUV ကားသစ်တစ်မျိုးနဲ့ ဈေးကွက်ကိုတိုးချဲ့ဖို့ ပြင်ဆင်လာပြီဖြစ်ပါတယ်.။ Lamborghini ဟာ SUV ကားကို 2012 ခုနှစ်ကတည်းက ပြသခဲ့တာဖြစ်ပြီး အီတလီအစိုးရရဲ့ ဝန်ထမ်းပေါ်လစီနဲ့ ကမ္ဘာ့စီးပွားရေးဈေးကွက်အခြေအနေတွေကြောင့် ထုတ်လုပ်ဖို့ နှောင့်နှေးခဲ့တာဖြစ်ပါတယ်.။ ခုချိန်မှာတော့ SUV ကားသစ်တစ်မျိုးထုတ်လုပ်မယ့် အစီအစဉ်ဟာ လက်တွေ့အကောင်အထည်ဖော်လာပြီ ဖြစ်ပြီး ဈေးကွက်အတွင်းကို 2018 ခုနှစ်မှာ တင်ပို့ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်.။

Lamborghini ဟာ Sant'Agata Bolognese မှာရှိတဲ့ သူ့ရဲ့ ကားစက်ရုံကို 80000 စတုရန်းမီတာမှ 150,000 စတုရန်းမီတာထိ နှစ်ဆတိုးချဲ့သွားမှာဖြစ်ပြီး ယမန်နှစ်က သူ့ရဲ့အရောင်းစံချိန်ဖြစ်တဲ့ အစီးရေ 2,530 မှ အစီးရေ 3,000 အထိ တိုးမြှင့်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်.။ အဓိက ဈေးကွက်တွေကတော့ အမေရိကန်၊ အရှေ့အလယ်ပိုင်းနဲ့ တရုတ်နိုင်ငံတို့ ဖြစ်ပါတယ်.။

Lamborghini ဟာ 1980 ပြည့်နှစ်များအတွင်းက SUV တစ်မျိုးကိုထုတ်လုပ်ခဲ့ဖူးပြီး အမေရိကန် စစ်တပ်ရဲ့ Contract တစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်.။

အောက်ပါပုံများကတော့ Lamborghini ရဲ့ SUV ကားသစ်ရဲ့ Preview ပုံများဖြစ်ပါတယ်.။

Author