Lamborghini က super SUV အမျိုးအစား Urus ကို ၂ဝ၁၈ ၌ ဒေါ်လာ ၂ဝဝ,ဝဝဝ စတင် ကာ ရောင်းချသွားမည်

0

Full article

_ Photo Credit_
Lamborghini သည် ယနေ့သီတင်းပတ် တနင်္လာနေ့ (၃.၁၂.၂ဝ၁၇) ၌ အီတလီနိုင်ငံရှိ ၎င်း၏ Sant'Agata စက်ရုံတွင် အုံ့အုံ့ကြွကြွဖြစ်စေလောက်မည်ဟု မျှော်လင့်ထားသည့် Urus ကားကို နောက်ဆုံး၌ ကြေညာခဲ့ပြီးဖြစ်သည်။ super SUV အမျိုးအစားဖြစ်သော Urusသည် ဈေးနှုန်းကန်ဒေါ်လာ ၂ဝဝ,ဝဝဝ ကစတင်ရှိမည်ဖြစ်ပြီး ၎င်း၏ Huracan Performante sports ကားလောက်နီးပါး မြန်ဆန်ပါသည်။
_ Photo Credit_ Lamborghini က ၂ဝ၁၈ တွင် Urus ကားကို စတင်ထုတ်လုပ်သွားမည်ဖြစ်ပြီး နွေရာသီ နှောင်းပိုင်းကာလတွင် စတင်ရောင်းချသွားဖို့ မျှော်လင့်ထားသည်။ 2012 တွင် concept car အနေဖြင့် ထွက်ပေါ်လာခဲ့သည့် Urus တွင် အင်ဂျင်ပါဝါ ၆၅ဝ ကို ထုတ်ပေးနိုင်သည့် ၄.ဝ လီတာ V8 တာဗိုအင်ဂျင်နှစ်လုံးတပ်ဆင်ထားသည်။
_ Photo Credit_ အော်တိုဂီယာ အရှိန်ရှစ်ခု ပြောင်းလဲနိုင်သော Urus သည် ၃.၆ စက္ကန့်အတွင်း တစ်နာရီကို မိုင်ပေါင်း ၆၂ မိုင်အထိ မောင်နှင်နိုင်စွမ်းရှိပြီး အမြင့်ဆုံး ရောက်ရှိသည့် အရှိန်နှုန်းမှာ တစ်နာရီကို ၁၈၉ မိုင်အထိရှိသည်။ V10 အင်ဂျင်တပ်ဆင်ထားသည့် Huracán Performante ကတော့ ၂.၉ စက္ကန့်အတွင်း မိုင် ၆ဝ မောင်းနှင်နိုင်ပြီး အမြင့်ဆုံး ရောက်ရှိသည့် အရှိန်နှုန်းမှာ တစ်နာရီကို မိုင် ၂ဝ၂ မိုင်နီးပါအထိ ရှိသည်။
_ Photo Credit_ Urus သည် Lamborghini ၏ ပထမဦးဆုံးသော SUV ကားမဟုတ်ပါ။ ထိုသို့ ပုံစံမျိုး ဖြစ်သည့် ၁၉၈၆ နှင့် ၁၉၉၃ အကြားထုတ်လုပ်သည့် off-road truck SUV ဖြစ်သော LM002 ကားကို ထုတ်လုပ်ခဲ့ဖူးပါသည်။ ထို့အပြင် Urus သည် LM002 ၏ ဘီးပုံစံအပါအဝင် အချို့သော အစိတ်အပိုင်းများကိုလည်း ကူးယူကာ ပုံစံထုတ်ထားခြင်းဖြစ်သည်။ Super SUV အမျိုးအစား ကားများသည် Lamborghini ၏ ပုပြတ်ပြတ်ပုံစံ sports car များဖြစ်ပြီး အတွင်းဖက် အသွင်အပြင်ကျော့ရှင်းလွန်းလှသည့် ယာဉ်တစ်စီးဖြစ်ပါသည်။
Photo Credit.

Author