မီးလောင်မှုပြဿနာများကိုကြုံတွေ့ပြီးနောက် ဒေါ်လာ ၄ မီလီယံတန်ဖိုးရှိ စူပါကားများကို Lamborghini မှ ပြန်လည် Recall ခေါ်နေရ

0

Full article

ကားဝါသနာရှင်တိုင်း အသဲစွဲ အူးလှိုက်သဲလှိုက် မျက်စိကျကြတဲ့ Super ကားနဲ့ ပြိုင်ကားတွေသာ ထုတ်လုပ်တဲ့ အီတလီကားကုမ္မဏီတစ်ခုဖြစ်တဲ့ Lamborghini ဟာ နာမည်ကြီး Veneo မော်ဒယ် အပါဝင် အခြားထောင်ပေါင်းများစွာသော Super ကားများကို ပြန်လည်ပြုပြင်ပေးဖို့ recall ပြန်ခေါ်နေရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စုမှ U.S.National Highway Traffic Safety Administration မှ စစ်ဆေးတွေ့ရှိချက်အရ အိတ်ဇော့ စနစ်ချို့ယွင်းမှုကြောင့် မီးလောင်နိုင်ခြေအများဆုံးဖြစ်နိုင်တဲ့အတွက် ကားပိုင်ရှင်များထံမှ Recall ပြန်ရခြင်းဖြစ်ပါတယ်။

Recall ပြန်ခေါ်တဲ့ ကားတွေကတော့ Veneos ၁၂ စီး နဲ့အတူ ပြိုင်ကားပုံစံငယ်အဖြစ်ထုတ်လုပ်ထားတဲ့ Cylinder monster ကားများပါဝင်ပြီး ကားတွေရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၄ မီလီယံ မှ ၄.၅ မီလီယံရှိပါတယ်။

U.S မှာရှိတဲ့ Veneno ကားရဲ့ ပိုင်ရှင်များကိုတော့ ကားတွေကို recall ပြန်ခေါ်ပေးနေကြောင့် အင်္ဂါနေ့မှာ အကြောင်းကြားခဲ့ပါတယ်။

ဒါ့အပြင် တစ်စီးလျှင်ကြမ်းခင်းဈေး ဒေါ်လာ ၄သိန်းတန်ဖိုးရှိတဲ့ Aventador မော်ဒယ်အမျိုးအစားကားအစီးရေ ၅၉ဝဝ ကိုလည်း Recall ပြန်ခေါ်ခဲ့ပါတယ်။

Volkswagen အုပ်စု (VLKAY) ပိုင် Lamborghini ဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ ကတင် ကမ္ဘာ့အရောင်းရဆုံး ကားကုမ္မဏီအဖြစ် စာရင်းဝင်ခဲ့ပြီး ကားအစီးရေပေါင်း ၃၂၅၇ စီးထုတ်လုပ်ရောင်းချခဲ့ကာ ၂ဝ၁၅ ခုနှစ်ထက် ၇ ရာခိုင်နှုန်း အရောင်းမြင့်တက်ခဲ့ပါတယ်။

ကုမ္မဏီရဲ့ ပြောရေးဆိုးရေးတွင်တာဝန်ရှိသူ ပြောတာကတော့ ကားပိုင်ရှင်များအနေနဲ့ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ ကား Dealer တွေဆီမှာ ကားတွေကို သွားထားပေးရမည်ဖြစ်ပြီး ထိုကား Dealer တွေမှ တာဝန်ယူပြင်ဆင်ပေးမည်ဖြစ်ကာ Lamborghini နဲ့ ချိတ်ဆက်အလုပ်လုပ်နေတဲ့ Car Dealer ပေါင်း ၁၃၅ ဦးရှိတယ်လို့လည်း သိရပါတယ်။

CNNMoney (London)

Author