Full article

ရေနံပေါကြွယ်ဝလှသည့် အာရပ်စော်ဘွားပြည်ထောင်စု(ယူအေအီး)မှ အိမ်၊ ခြံ၊ မြေ ကုမ္ပဏီတစ်ခုသည် ၎င်းင်းတို့ ဆောက်လုပ်ထားသော အဆင့်မြင့် ဇိမ်ခံမိုးမျှော်တိုက်ခန်း တစ်ခန်း ဝယ်ယူသူတိုင်းကို ဒေါ်လာ သိန်းကျော်တန် တန်ဖိုးကြီး လမ်ဘော်ဂနီပြိုင်ကားတစ်စီး လက်ဆောင်ပေးရန် စီစဉ်ထားကြောင်း ယူအေအီး သတင်းဌာနများ က ဇန်နဝါရီ ၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

9840939115_ec491edf4b

ယူအေအီးနိုင်ငံတွင်သာမက အရှေ့အလယ်ပိုင်း ဒေသတွင်ပါ အကြီးဆုံး ဇိမ်ခံအိမ်ရာများ ဆောက်လုပ်သည့် Damac Maison ကုမ္ပဏီ သည် ဇန်နဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပပြုလုပ်နေသည့် ဒူဘိုင်း ဈေးရောင်းပွဲတော် ကာလအတွင်း တန်ဖိုးအကြီးဆုံး တိုက်ခန်းတစ်ခန်း ဝယ်ယူသူကို ဒေါ်လာ လေးသိန်းအထိတန်သော ၂ဝ၁၄ မိုဒယ် Lamborghini Aventador ပြိုင်ကားတစ်စီး မေတ္တာ လက်ဆောင်ပေးမည်ဟု ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောခဲ့သည်။ အခြားအခန်းများ ဝယ်ယူသူများအတွက်လည်း တိုက်ခန်းတန်ဖိုးအပေါ် မူတည်ကာ BMW ၊ သို့မဟုတ် Mini ကားသစ်များ လက်ဆောင်ပေးမည်ဟု မက်လုံးပေးထားသည်။ တန်ဖိုးကြီးကားများ လက်ဆောင်ပေးမည်ဟု ကမ်းလှမ်းခြင်းမှာ Damac Maison အတွက် ပထမဦးဆုံးအကြိမ် မဟုတ်ဘဲ ယမန်နှစ်ကလည်း တိုက်ခန်း ဝယ်ယူသူများကိုAudi R8s ၊ A8 ၊ A6s ၊ A4 စသည့် ဇိမ်ခံကားများကို ပေးခဲ့ဖူးသည်။

Damac Maison ကုမ္ပဏီမှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ မစ္စတာ နီရယ်မက် လောက်လင်းက ဒူဘိုင်း ဈေးရောင်းပွဲတော် ကာလအတွင်း Damac အိမ်၊ ခြံ၊ မြေ လုပ်ငန်းစုကပေးမယ့် လက်ဆောင်တွေဟာ အမြဲတမ်း မြင့်မားနေပါလိမ့်မယ်၊ ဒီနှစ် ဈေးရောင်းပွဲတော်မှာလည်း ကုမ္ပဏီအတွက် အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်ဟု ပြောကြားခဲ့သည်။

Ref: Automibile

Photo Detail: Lukas Hron Photography Lukas Hron Photography

Author