KIA Myanmar ၏ KIA special financing promotion event ကို Gandamar Wholesale တွင်ကျင်းပလျက်ရှိ

0

Full article

KIA Myanmar ရဲ့ KIA special financing promotion event ကို Gandamar Whole sale တွင် မေလ ၃၁ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဆိုပါ event မှာ KIA ကားသစ်တွေဖြစ်တဲ့ Optima ၊ Sportage GT Line နှင့် Picanto တို့ကို ပြသရောင်းချသွားမှာဖြစ်ပြီး KIA special financing promotion ကာလအတွင်း New 2019 Sportage GT Line လာရောက်ဝယ်ယူပါက အခမဲ့ပြုပြင်ထိန်းသိမ်းခွင့် ၃ နှစ်နဲ့ 1 year free insurance ရရှိမှာဖြစ်ပါတယ်။ အခြားအစီအစဉ်တွေကတော့ အတိုးနှုန်းပေးချေရန်မလိုသော ၁၂ လ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ခြင်း၊ ၇ နှစ်အထိ အရစ်ကျဝယ်ယူနိုင်ခြင်း (အတိုးနှုန်း မှာ တစ်လလျှင် ဝ.၅ % သာပေးချေရမည်)၊ KIA ရဲ့ 7 years anniversary အနေဖြင့် $ 500 Cash Back ပြန်လည်ခံစားနိုင်ခြင်းစတဲ့ အခွင့်အရေးများကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် KIA ကားများဟာ ၇ နှစ် warranty ပါဝင်မှာဖြစ်ပြီး ရန်ကုန်လိုင်စင်၊ အမည်ပေါက် ရရှိမယ့်အပြင် ကားဈေးနှုန်းတွေဟာလည်း ဝင်ငွေခွန်အပြီးအစီး ဈေးနှုန်းတွေပါ။

KIA ရဲ့ ကားသစ်တွေကို စိတ်ပါဝင်စားသူတွေအနေနဲ့ ဝေဇယန္တာလမ်းနဲ့ ဂန္ဓမာလမ်းထောင့်မှာရှိတဲ့ Gandamar Wholesale မှာ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ၊ မနက် ၉ နာရီမှ ည ၉ နာရီ အချိန်တွင်း သွားရောက်လေ့လာဝယ်ယူနိုင်ပါတယ်။

Zing

Author