Hyundai Motor Coporation မှ ၃၄%ပိုင်ဆိုင်သည့် အဆိုပါ Kia Motors သည် ဆိုးလ်တွင်အခြေစိုက်ပြီး ၁၉၄၄ခုနှစ်ကတည်းက အိမ်သုံးရုံးသုံးကားအမျိုးမျိုးကို ကိုရီးယားနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းဖြန့်ချီနေသည့် အုပ်စုဖြစ်ပါသည်။ ၂ဝ၁ဝ တွင်လည်း ယာဉ်အစီးရေ ၁.၄သန်းရောင်းချရသည့်အတွက် ကမ္ဘာ့စတုတ္ထကားအများဆုံးရောင်းသည့်စာရင်းဝင်ခဲ့ပါသေးသည်။ အိမ်စီးကား၊ ကုန်တင်ယာဉ်၊ Electric Hybrid၊ စစ်ဘက်ဆိုင်ရာသုံးကားများစသည်ဖြင့် ယာဉ်အမျိုးပေါင်း ၃ဝကျော်ခန့်ထုတ်လုပ်လျှက်ရှိပြီး မြန်မာနိုင်ငံအတွက်အဓိကရောင်းချမည့်မော်ဒယ်များမှာ နာမည်ကျော် ကားငယ်များဖြစ်သည့် Picanto နဲ့ Rio တို့ဖြစ်ကြောင်းသိရပါသည်။ Picanto ကတော့ Hatchback တစ်မျိုးပဲထုတ်ပြီး Rio ကတော့ Hatchback ကော ဆလွန်း Sedan ပုံစံနဲ့လဲထုတ်ထားပါတယ်။ အခြား Light Truck များဖြစ်သည့် K2500, K2900 စသည်တို့လဲ ပါဝင်မည်ဟုကြားသိရပါသည်။
Image: Picanto Five Door Hatchback
Image: Rio Four Door Sedan
Kia Motors မှ အခုလို ပူးပေါင်းဆောင်ရွက်မှုအတွက် အရောင်းစံချိန်တစ်ခုကို တိတိကျကျသတ်မှတ်ထားရယ်လို့တော့မရှိပဲ လက်ရှိဒီမော်ဒယ်နှစ်မျိုးသုံးမျိုးနဲ့ အစမ်းရောင်းချခြင်းဖြစ်သည်ဟု ဖြေကြားသွားပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ကားအသစ်များကိုတိုက်ရိုက်ဝယ်ယူနိုင်မည့်အခွင့်အလမ်းအားလုံးကို MyanmarCarsDB မှ ကြိုဆိုပါလိုက်ပါသည်။ ဈေးနှုန်းအတိအကျသိလျှင်ကျွန်တော်တို့မှ ထပ်မံ Update လုပ်ပေးပါမည်။ မိတ်ဆွေတို့၏ အမြင်ကိုလဲအောက်ပါ Comments များတွင် (သို့) Forum မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။
– MyanmarCarsDB
Ref: MyanmarTimes, Kia Motors Official Site