KIA Motors by Union Group ၏ KIA Showroom အသစ်ကို ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်း မြို့နယ်တွင်ထပ်မံဖွင့်လှစ်

0

Full article

KIA Motors by Union Group ၏ KIA Showroom အသစ်ကို ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ဩဂုတ်လ ၇ ရက်နေ့တွင်ထပ်မံဖွင့်လှစ်လိုက်ကြောင်းသိရသည်။

KIA Motors by Union Group ၏ KIA Yangon Showroom အသစ်တွင် Brand New KIA  ကားသစ်များဖြစ်သော Sorento ၊ Sportage ၊ Cerato ၊ Optima ၊ Rio နှင့် Picanto တို့ကိုပြသရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင် Showroom သစ်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် KIA ကားသစ်များကို အထူးအစီအစဉ်များဖြင့်ရောင်းချသွားမည်ဖြစ်ပြီး အရစ်ကျဝယ်ယူမည့်သူများအတွက်လည်း အထူးအခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။ Showroom သစ်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် KIA ကားသစ်များကို ပထမဆုံးလာရောက်ဝယ်ယူမည့် Customers ၁၅ ယောက်ကို 1 year free insurance၊ ငွေကျပ် တစ်သိန်းတန် ဆီဘောက်ချာ၊ 1 year free maintenance စသည့်အခွင့်အရေးများရရှိမည်ဖြစ်ပြီး အရစ်ကျဝယ်ယူမည့်သူများအတွက်ကိုလည်း 10 % Down payment မှ စတင်ကာ ၇ နှစ်အထိ အရစ်ကျဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ KIA Motors by Union Group Showroom အသစ်တွင် All New Rio၊ Cerato နှင့် Picanto တို့ကိုဝယ်ယူမည်ဆိုပါက အဆိုပါကားများအတွက် ၅ နှစ်အာမခံ (သို့မဟုတ်) ကီလိုမီတာ ၁၀၀,၀၀၀ အာမခံရရှိမည်ဖြစ်ပြီး၊ Sorento ၊ Sportage နှင့် Optima အမျိုးအစားတို့ကို ဝယ်ယူပါက အာမခံ ၇ နှစ် (သို့မဟုတ်) ကီလိုမီတာ ၁၅၀,၀၀၀ အာမခံရရှိမည်ဖြစ်ကြောင်းသိရသည်။

KIA ချစ်သူများအနေဖြင့် Brand New KIA ကားသစ်များကို အထူးအခွင့်အရေးများ၊ အစီအစဉ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားပါက No.12 -A ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ KIA Motors by Union Group ၏ KIA Yangon Showroom တွင် စိတ်တိုင်းကျ လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်းသိရသည်။

Author