Rio နှင့် Optima ကြား အရွယ်အစား၊ လှပနှစ်လိုဖွယ်ရာ all new Kia Cerato ကိုမိတ်ဆက်ပွဲပြုလုပ်

0

Full article

Kia Myanmar သည် ၎င်းတို့၏ နဝမမြောက် မော်ဒယ်ဖြစ်သော All New Kia Cerato  ကိုရန်ကုန်မြို့ရှိ Kia Showroom တွင် ၂၁၊ ဖေဖေါ်ဝါရီ၊ ၂၀၂၀ တွင် မိတ်ဆက်လိုက်သည်။

Cerato အသစ်သည် အရွယ်အစားအားဖြင့် Rio နှင့် Optima တို့ကြားတွင်ရှိပြီး ဈေးနှုန်းအားဖြင့် $31,990 ဖြင့်ရောင်းချမည်ဟုလည်းသိရသည်။

Kia ၏ တတိယမျိုးဆက် Cerato အသစ်သည် ကမ္ဘာ့ထိပ်တန်းကားဒီဇိုင်းထုတ်လုပ်သူ Peter Schreyer ၏ဒီဇိုင်းဖြစ်ပြီး တောက်ပမှု၊ တက်ကြွမှု၊ နှစ်လိုဖွယ်ရာကောင်းမှုတို့နှင့် ပြည့်စုံသည့် sporty ဆန်လှသော compact sedan အမျိုးအစား ကားဖြစ်သည်။

All new Cerato တွင် 1.6-litre ဓါတ်ဆီအင်ဂျင်တပ်ဆင်ထားပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှု 126hp (128 PS) ကိုထုတ်လွှတ်ပေးနိုင်စွမ်းရှိပြီး torque မှာမူ 155Nm အထိရရှိနိုင်မည်ဖြစ်သည်။ Transmission မှာ 6-speed automatic ဖြစ်ပြီး Comfort ၊ Eco နှင့် Sport ဟူ၍ driving mode သုံးမျိုးပြောင်းလဲ မောင်းနှင်နိုင်ပေမည်။

တောင်ကိုရီးယား မော်တော်ယာဉ်အမှတ်တံဆိပ် Kia ကို SSS Automotive Group ၏ လက်အောက်ခံဖြစ်သော Super Seven Stars Co., Ltd. မှ မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်မှစတင်ကာ သီးသန့်ဖြန့်ချိလျက်ရှိပြီး ယနေ့အချိန်အထိ မော်တော်ကားပေါင်း 6,500 အထိရောင်းချထားခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။

Author