ကမ္ဘာကျော်ထိပ်တန်း ဂျပန်အမှတ်တံဆိပ်ဖြစ်သည့် KAWASAKI မော်တော်ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်

0

Full article

ကမ္ဘာပေါ်တွင် တိုးတက်မှုအရှိဆုံး၊ တီထွင်ဆန်းသစ်မှုအရှိဆုံးအရာများထဲမှ တစ်ခုဖြစ်ပြီး စိတ်လှုပ်ရှားစရာ အကောင်းဆုံးအဆင့်မြင့် မော်တော်ဆိုင်ကယ် အမှတ်တံဆိပ်ဖြစ်သော Kawasaki မော်တော်ဆိုင်ကယ် အရောင်းပြခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့တွင် အမှတ်(မမ/၁၅)၊ ၅၅လမ်းနှင့် သိပ္ပံလမ်းထောင့်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုပွဲသို့UMG Group of Companies ၏ ဥက္ကဌ ဒေါ်မာလာဝင်း၊ CEO ဦးကီဝီနှင့်အတူ မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော Kawasaki Motorcycle နှစ်သက်သူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ မန္တလေး Kawasaki Showroom အသစ်တွင် Kawasaki KLX125, Kawasaki KLX 250, Kawasaki Vulcan 900 Custom, Kawasaki Vulcan 900 Classic, Kawasaki Ninja 300, Kawasaki Ninja 650, Kawasaki ZX6R, Kawasaki Z250, Kawasaki Z1000, Kawasaki MULE, Kawasaki TERYX, Kawasaki Jetski စသည့် Kawasaki အမှတ်တံဆိပ် အမျိုးမျိုးကို စိတ်တိုင်းကျရွှေးချယ်ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ Win Motors ၏ တရားဝင် Kawasaki Website (www.kawasaki.com.mm) နှင့် Kawasaki Facebook (www.facebook.com/kawasaki)တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။


ထို့ပြင် UMG Group of Companies သည် Customer များအတွက် အရည်အသွေးပြည့်မီသော မော်တော်ဆိုင်ကယ် များနှင့်အတူ ဝန်ဆောင်မှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီချမှတ်လုပ်ဆောင်လျက်ရှိပြီး Customerများအတွက်အကောင်းဆုံး Spare Part များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ စက်ပစ္စည်းများအား ပြန်လည်စစ်ဆေးပေးခြင်း၊ သန့်စင်ပေးခြင်း၊ တိုင်းတာပေးခြင်း၊ အစားထိုးလဲလှယ်ပေးခြင်းများကို တစ်ပေါင်းတစ်စည်းတည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။Win Motor မှဝယ်ယူသော Kawasaki Motobikes များကို ၂ နှစ်အာမခံဖြင့်ရရှိနိုင်ပါသည်။

Author