ကညန နှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်း ပုဂ္ဂလိကအား လာမယ့်နှစ်တွင် လုပ်ကိုင်ခွင့်ပေးသွားမယ်

0

Full article

တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ကညန နှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းများအား လာမည့်နှစ်တွင် လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနက သိရပါသည်။ မော်တော်ယာဉ်များရဲ့ ကြံခိုင်မှူများအာ်းစစ်ဆေးနေသော လုပ်ငန်းအားလုပ်ကိုင်ခွင့်ပေးရာတွင် ပုဂ္ဂလိက ကုမ္ပဏီ များ လျှောက်ထားမှူ ၂၆ ခုရှိတယ်လို့လည်း သိရပါသည်။ "inspection certificate လုပ်ကိုင်တာကို ပုဂ္ဂလိက တွေကို လာမည့်နှစ်မှာ လုပ်ကိုင်ခွင့်ပေးသွားဖို့ရှိတယ်။ အခုထိ လာလျှောက်ထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ၂၆ ခုအထိရှိပါတယ် "ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာန က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မော်တော်ယာဉ်များ နှစ်လဲယာဉ်စစ်ဆေးတာကို (inspection certificate) ထုတ်ပေးခြင်းကို သတ်မှတ်ထားသည့် ယာဉ်စစ်ဆေးခြင်းအချက်များကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ယာဉ်စစ်ဆေးရေး လုပ်ငန်းလုပ်ကိုင်သူများကို နားလည်တတ်ကျွမ်းသည့် ဝန်ထမ်းများသာ ထားရှိရမှာ ဖြစ်၍ ထိုသို့ နှစ်လဲယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည် ဖြစ်သော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာန မှ လည်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။ ခေတ်သစ်

Author