ကနဦးမှတ်ပုံတင် ယာဉ်စစ်ဆေးရာတွင် လူနှင့်စစ်ဆေးနေရာမှ ခေတ်မှီစက်ပစ္စည်းများ အသုံးပြု၍စစ်ဆေးမည်

0

Full article

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုးဦးစီးဌာနမှ ကနဦး မှတ်ပုံတင်ပြုလုပ်ရာ၍ ယာဉ်စစ်ဆေးခြင်းကို လူနှင့်စစ်ဆေးနေရာမှ ခေတ်မှီစက်ပစ္စည်းများအသုံးပြု၍ ပြောင်းလဲ စစ်ဆေးသွားမည်ဖြစ်သည်။ကနဦးမှတ်ပုံတင် ယာဉ်စစ်ဆေးခြင်းကို လူနှင့်မျက်မြင်စစ်ဆေးခြင်းသည် ထိရောက်မှုမရှိပဲ အတိအကျ စစ်ဆေးနိုင်ခြင်းမရှိ၍ ခေတ်မှီစက်ပစ္စည်းများ အသုံးပြုကာ စစ်ဆေးခြင်းကို စတင်တော့မည်ဖြစ်သည်။ ထိုသို့ခေတ်မှီစက်ပစ္စည်းများဖြင့် အသုံးပြုစစ်ဆေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထားရှိသွားမည်ဖြစ်ရာ မန္တလေး နေပြည်တော် ရန်ကုန်တို့တွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။

"ကနဦးမှတ်ပုံတင် ယာဉ်စစ်ဆေးတာကို လူနဲ့စစ်ဆေးနေရာကနေ ခေတ်မှီစက်ကရိယာတွေနဲ့ ပြောင်းလဲ စစ်ဆေးသွားမှာဖြစ်ပါတယ်။ လူနဲ့စစ်ဆေးတဲ့အခါမှာ တိကျတဲ့အဖြေ ထွက်ပေါ်လာမှာ မဟုတ်နိုင်တဲ့အတွက် စက်ကရိယာတွေနှင့် အသုံးပြုစစ်ဆေးတာဖြစ်ပါတယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ လူနဲ့စစ်ဆေးတာထက် စက်ကရိယာနဲ့ စစ်ဆေးတာက ပိုမိုကောင်းမွန်တဲ့ အဖြေထွက်လာမှာဖြစ်သည်။ ယာဉ်ကြံခိုင်မှုရှိမရှိကိုလည်း အတိအကျဖော်ပြပေးနိုင်မှာပါ။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သူက ပြောသည်။

ကနဦးမှတ်ပုံတင် ယာဉ်စစ်ဆေးရာတွင် လူနှင့်စစ်ဆေးခြင်းသည် အချိန်မြန်ဆန်မည်ဖြစ်သော်လည်း စက်ကရိယာဖြင့် စစ်ဆေးမှုသည် အချိန်ကြာမြင့်မည်ဖြစ်၍ ကောင်းမွန်တိကျသည့် အဖြေလည်း ထွက်ပေါ်လာမည်ဖြစ်၍ ယာဉ်ပိုင်ရှင်များမှ ကူညီဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော် ထားရှိသည်။

ခေတ်သစ်

Author