ကညနရုံးတွင် ဖောက်ထွင်းခံရသော လုံခြုံရေးအဆင့်ရှိ ပစ္စည်းများကို ပယ်ဖျက်စာရင်းထည့်သွင်းမည်

0

Full article

Photo Credit to ရွှေမြင်သာ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့် ယာဉ်မှတ်ပုံတင် လက်မှတ်များနှင့် ရွှေရောင်လုံခြုံရေး အဆင့်အတန်း ပစ္စည်းများအား ပယ်ဖျက်စာရင်းထည့်သွင်းမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ သိရပါတယ်။ ကညနရုံး ဖောက်ထွင်းခံရမှုကြောင့် ယာဉ်မှတ်ပုံတင်ဌာန ရုံးခန်းအတွင်းရှိ ယာဉ်မှတ်ပုံတင်လက်မှတ်များ ထားသည့် အံဆွဲအတွင်းမှ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ၄၁၇ ခုနှင့် Hologram ရွှေရောင် (လုံခြုံရေးအဆင့် အတန်းဝင်) ပစ္စည်း ၁၁၈ ခု ပါသွားကြောင်း သိရသည်။ ထိုပါရှိသွားသော လုံခြုံရေးအဆင့်ရှိ နံပတ်များကို အတုပြုလုပ်သူများလက်ထဲတွင် အသုံးမပြုနိုင်ရန် ပယ်ဖျက်စာရင်းထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဘာမှ မယူသွားပါဘူး။ လုံခြုံရေးအဆင့်ရှိနဲ့ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်တွေအပြင် Hologram ပြားတွေပဲယူသွားတာ။ ဒီစာရင်းတွေကို ပယ်ဖျက်သွားမှာပါ ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကနည ရုံးအတွင်း ယာဉ်မှတ်ပုံတင် ဌာနခွဲရုံးခန်း ဖောက်ထွင်းခံရမှုနှင့်ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အနောက်ပိုင်း ခရိုင်ရုံးမှ ဦးစီးမှူး ဒေါ်ခင်စောလှက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ (ပ) ၆၂၆/ ၁၇၊ ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည်။ ကညန ရုံးအတွင်း ဖောက်ထွင်းခံရမှူကို စစ်ဆေးမှူများပြုလုပ်သွားမည်ဖြစ်ရာ အတုအပ ပြုလုပ်နိုင်သည့် လုံခြုံရေးအဆင့် စာရွက်များကို နံပတ်စဉ်အလိုက်စာရင်းပြုလုပ်ပြီး ပယ်ဖျက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author