ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ် တင်သွင်းယာဉ်များအတွက် ကညန အခွန် ကောက်ခံခြင်း လွှဲမှားနေ

0

Full article

![](/redline/content/images/2017/07/gggggtg-300x202.jpg)

Photo Credit

ယာဉ်အိုယာဉ်ဟောင်း အစီအစဉ် အရ ကားဟောင်းတစ်စီး အပ်နှံပြီး ကားသစ်တစ်စီး ပင်လယ်ရေကြောင်းမှ တင်သွင်းခြင်းကို ကညန အခွန် ကောက်ခံမှူ လွဲမှားနေပြီး ပြန်လည်ဖြေလျှော့ ပေးရန်လိုအပ်ကြောင်း ကားတင်သွင်းရောင်းချနေသူများက ဝေဖန်ပြောဆို နေကြသည် ။ လမ်းမများပေါ်တွင် သွားလာနေသတဲ့ ကားဟောင်းများ အပ်နှံခွင့်ပေးပြီး သတ်မှတ်ထားတဲ့ မိုဒယ်အတိုင်း ကားသစ်တစ်စီး အစားထိုးတင်သွင်း ခြင်းကို ကညန အခွန်ကောက်ခံနေမှု လွဲမှားနေတယ်လို့ သိရပါသည်။ "လမ်းပေါ်မှာသွားနေတဲ့ကားဟောင်းတစ်စီးအပ်ပြီး ကားသစ်တစ်စီး အစားသွင်းလာတာ ဘာအတွက် ကညနအခွန်ကောက်နေတာလဲ။ နည်းနည်းလွှဲနေတယ်လို့ မြင်တယ်။ ကားသစ်တွေ သွင်းစေချင်တယ်ဆိုရင် ကညန အခွန်ဆိုတာ မကောက်သင့်ဘူး။ အလုံးချိန်းတွေ ကညနအခွန်ကောက်တာက မပြောလိုပါဘူး။ တရားဝင် ရေကြောင်းကနေ တင်သွင်းလာတဲ့ ကားကိုတော့ ကညန အခွန်ကောက်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ တစ်ခြားအခွန်တွေလည်း ပေးဆောင်ပြီးသွင်းလာရတာပါ။"ဟု ကားတင်သွင်းနေသူ ဦးချိူ မောင် ကပြောပါတယ်။ ပြည်ပမှ တင်သွင်းသည့် တစ်ဦးချင်းတင်သွင်းမှူများနှင့် ကားသစ်များ တင်သွင်းနေမှူကို ကညနအခွန်ကောက်ခံနေသော်လည်း ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းသည့် ယာဉ်များသည် ကားဟောင်းတစ်စီးကို အပ်နှံပြီး ကားအသစ်တစ်စီးတင်သွင်း အစားထိုးတင်သွင်းလာမှူအတွက်ကို ဖြေလျှော့ပေးရန်လိုအပ်တယ်လို့ သိရပါသည်။ လက်ရှိတွင် ကညန အခွန်ကောက်ခံနေမှုမှာ ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်တင်သွင်းယာဉ်များအား မော်တော်ယာဉ်၏ အင်ဂျင်ပါဝါစီစီ အတိုင်း ကောက်ခံနေလျှက်ရှိတယ်လို့ သိရပါတယ်။

ခေတ်သစ်

Author