ကညနနှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်းကို သတ်မှတ်ချက်နဲ့အညီ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုမည်

0

Full article

ကညန နှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်း ပုဂ္ဂလိကအား သတ်မှတ်ချက်နဲ့အညီ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူဦးစီးဌာနမှ ပြောကြားပါတယ်။ မော်တော်ယာဉ်စစ်ဆေးသည့်လုပ်ငန်းလုပ်ကိုင်ရာတွင် ခွင့်ပြုထားသည့် လုပ်ငန်း ၁၃ ခုရှိရာ ယာဉ်မှတ်ပုံတင် အထောက်အထားစာရွက် ထုတ်ပေးတာကို လုပ်ကိုင်ခွင့်ပြုမှာမဟုတ်ကြောင်းသိရပါတယ်။ ယာဉ်စစ်ဆေးတာကို ပုဂ္ဂလိကတွေကို သတ်မှတ်ချက်နဲ့ညီရင် လုပ်ကိုင်ခွင့်ပြုသွားမှာပါ။ လုပ်ကိုင်ခွင့်ပြုရင် ပေးသွင်းရမယ့်လိုင်စင်ကြေးကိုလည်း သတ်မှတ်ပေးသွားမှာဖြစ်ပါတယ် ယာဉ်ကြီး ၊ ယာဉ်ငယ် ၊ မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးဆောင်ရွက်လို့ရပါတယ် လို့ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာန တာဝန်ရှိ်သူတစ်ဦးက ပြောပါတယ်။ မော်တော်ယာဉ်များ နှစ်လဲယာဉ်စစ်ဆေး (inspection certificate) ထုတ်ပေးခြင်းကို သတ်မှတ်ထားသည့် ယာဉ်စစ်ဆေးခြင်းအချက်များကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး နားလည်တက်ကျွမ်းသည့် ဝန်ထမ်းများထားရှိကာ သင်တန်းများပို့ချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ နှစ်လဲယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည် ဖြစ်သော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာန မှ လည်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းသိရသည်။ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာနမှ ကောက်ခံလျှက်ရှိနေသည့် ယာဉ်စစ်ဆေးခနှူန်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာနမော်တော်ယာဉ်ကြီး ၁ဝဝဝဝ ကျပ် ၊ မော်တော်ယာဉ်ငယ် ၅ဝဝဝ ကျပ်၊ ဆိုင်ကယ် ၁ဝဝဝ ကျပ်တို့ဖြင့်သတ်မှတ်ကောက်ခံနေလျှက်ရှိကြောင်းသိရသည်

ခေတ်သစ်

Photo Credit

Author