ကညနတွင် ယာဉ် စစ်ဆေးခြင်း မအောင်မြင်ပါက တစ်ခြားလုပ်ငန်းများလက်ခံဆောင်ရွက်ပေးမည်မဟုတ်

0

Full article

![](/redline/content/images/2017/07/222-300x292.jpg)

ကညနတွင် ယာဉ်စစ်ဆေးတာကို စက်များဖြင့် စစ်ဆေးနေပြီး ရုပ်ပြောင်း ထားသောကားများ နဲ့ modified ပြုလုပ်ထားကားများအား အခြားလုပ်ငန်းများကိုလည်း လက်ခံဆောင်ရွက်ပေးသွားမှာ မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ကညနတွင် မှတ်ပုံတင်ပြုလုပ်မည့် လူစီးကားများကို Side Slip Tester ၊ Speedometer Tester ၊ Emission Tester ၊ Noise Level Tester ၊ Roller Brake Tester ၊ Headlight Tester ၊ Axle Play Tester တပ်ဆင်ထားသော စက်များနဲ့ စစ်ဆေးနေလျှက်ရှိတယ်လို့သိရသည်။ ကညန မှာ နှစ်လဲသက်တမ်းတိုး လာရောက်ပြုလုပ်မယ့်ယာဉ်တွေကို Tester စက်တွေနဲ့ စစ်ဆးတာတွေလုပ်သွားမှာပါ။မူရင်းပုံစံမဟုတ်ဘဲ modified လုပ်ထားတဲ့ကားတွေကို လုပ်ငန်းတွေဆောင်ရွက်မပေးပါဘူးဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ဇွန် ၁ရက်စ၍ ယာဉ်များကိုစက်များဖြင့်စစ်ဆေးနိုင်ရာတွင် တင်အားနှစ်တန်အထိ ကုန်တင်(ဝန်ပေါ့) အုပ်စု ဝင်ယာဉ်များ၊ Mini Bus အမျိုးအစားယာဉ်များ၊ ၂ဝဝ၇ မိုဒယ်အောက်ယာဉ်များနှင့် အခြားလုပ်ငန်းသုံးအုပ်စုဝင်ယာဉ်များကိုစက်များဖြင့် စစ်ဆေးရာတွင် စစ်ဆေးမှူ မအောင်မြင်ဘဲ အခြားလုပ်ငန်းများကိုလည်း မလုပ်ဆောင်ရသည့် ကားများရှိနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author