ကညန ယာဉ်စစ်ဆေးခြင်း လုပ်ငန်း ၂ဝ၁၈ တွင် ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပြုမည်

0

Full article

မော်တော်ယာဉ်များအတွက် နှစ်လဲယာဉ်စစ်ဆေးခြင်း လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းများအား ၂ဝ၁၈ တွင် လုပ်ကိုင်ခွင့်ပြုသွား မှာဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

မော်တော်ယာဉ်စစ်ဆေးသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရာတွင် ယခင်က မော်တော်ယာဉ်ဥပဒေ ထွက်ရှိပြီးမှ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သော်လည်း လုပ်ငန်းလိုအပ်ချက်အရ ဥပဒေ မထွက်ခင်အတွင်း ခွင့်ပြုပေးသွားမည်ဖြစ်သည်ဟု သိရသည်

"inspection certificate လုပ်ငန်းကို ၂ဝ၁၈ မှာ လုပ်ကိုင်ခွင့်ပေးဖို့ လုပ်နေတယ်။ လာလျှောက်ထားတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီ ဆောင်ရွက်ခွင့်ပေးမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ နှစ်လဲယာဉ်စစ်ဆေး (inspection certificate) ထုတ်ပေးခြင်းကို သတ်မှတ်ထားသော ယာဉ်စစ်ဆေးခြင်းအချက်များကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ယာဉ်စစ်ဆေးရေး လုပ်ငန်းအား မှတ်ပုံတင်ပြုလုပ်ထားရှိရမှာ ဖြစ်ကြောင်းသိရသည်။

နှစ်လဲယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးမှာ ဖြစ်သော်လည်း ကုန်းလမ်းပို့ဆောင် ရေးညွန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ယင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ကောက်ခံလျှက်ရှိနေသည့် ယာဉ်စစ်ဆေးခနှုန်းထားများမှာ မော်တော်ယာဉ်ကြီး ၁ဝ,ဝဝဝ ကျပ်၊ မော်တော်ယာဉ်ငယ် ၅,ဝဝဝ ကျပ်နှင့် ဆိုင်ကယ် ၁,ဝဝဝ ကျပ်တို့ဖြင့်သတ်မှတ်ကောက်ခံနေလျှက်ရှိကြောင်းသိရသည်။

R-01

Author