Full article

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကနဦးမှတ်ပုံတင်ခြင်း အခွန်အခများကို လျှော့ပေးလိုက်သော်လည်း စလစ်ကပ်ကားများ၏ ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းသွားခြင်း မရှိကြောင်း မော်တော်ယာဉ် တင်သွင်းသူများထံမှ သိရှိရသည်။

car

ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ် အမျိုးအစားအလိုက် မူလတန်ဖိုး(FOB) ဈေးနှုန်းအပေါ် မှတ်ပုံတင်ခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရာတွင် လူ စီးယာဉ် များအတွက် ယခင်က စက်စွမ်းအား ၁၃၅ဝ စီစီနှင့်အောက်ကို ၅ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း၊ ၁၃၅၁ စီစီမှ ၂ဝဝဝ စီစီအထိကို ၈ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီ မှ ၅ဝဝဝ စီစီအထိကို ၁ဝဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း လျှော့ချပေးခဲ့သည်။ ထိုသို့ ကညနအခွန် နှုန်းထားများ လျှော့ချပေးခဲ့ရာတွင် ကားဟောင်းစလစ်ဖြင့် တင်သွင်းရသော ကားများမှာ အခွန် ၆ဝ ရာခိုင်နှုန်းဖြင့် တန်ဖိုးနည်းပြီးသား ဖြစ်သောကြောင့် သိသိသာသာ ကျဆင်းသွားခြင်းမရှိဘဲ အခွန်နှုန်းထား အပြည့်ဆောင်ရသည့် ဖရီးပါမစ်ဖြင့် တင်သွင်းလာသော ကားများမှာမူ အင်ဂျင်ပါဝါအလိုက် အခွန်နှုန်းထားများ ကျဆင်းသွားခဲ့ခြင်းကြောင့် ကွာဟချက် ကြီးမားသွားခဲ့သည်။ "ကညနအခွန်တွေ လျှော့ချ လိုက် ပေမဲ့ စလစ်ကပ်ကားတွေက ဈေးသိသိသာသာ ကျမသွားပါဘူး၊ ဖရီးပါမစ်နဲ့ ကားတွေကတော့ ၁ဝ ရာခိုင်နှုန်းလောက် ကျသွားပြီး သိန်း တစ်ရာတန် ကားဆိုရင် ၁ဝ သိန်း၊ သိန်း နှစ်ရာတန်ကားဆိုရင် သိန်းနှစ်ဆယ် ကျသွားပါတယ်၊ စလစ်ကပ်ကားတွေကတော့ စလစ် ဖိုးသက်သာပြီး ဖြစ်တဲ့အတွက် ရာခိုင်နှုန်းအနည်းငယ်ပဲ ကျသွားပါတယ်၊ ကားအားလုံးကို ဈေးနှုန်းကျ ဆင်းစေချင်ရင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုပေါ်လစီကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုပါတယ်"ဟု JPM ကားအရောင်း ပြခန်းမှ ဒါရိုက်တာ ကိုထိန်လင်းအောင်က ဆိုသည်။ ကနဦး မှတ်ပုံတင်အခွန်များ လျှော့ချပေးခဲ့ရာတွင် ၂ဝဝ၉မိုဒယ် မှ ၂ဝ၁၂ မိုဒယ်အထိ ၁၃ဝဝ စီစီ ကားများမှာ ကျပ်ရှစ်သိန်းဝန်း ကျင် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

Ref: Automobile

Author