အထူးသဖြင့် ကျွန်တော်တို့ Distinct Trading မှ မှာယူတင်သွင်း ထားကြတဲ့ Customer များရဲ့ အခွန်မဆောင်ရသေးတဲ့ ကားများကို အဓိကထားပြီး ဖော်ပြထား ပါတယ်။ ဒေါ်လာဈေးကိုတော့ ၉၇ဝ နဲ့ အကြမ်းဖျင်း တွက်ချက်ထားတာတွေပါ။ တန်ဖိုးအတိအကျထက် ဝန်းကျင်တန်ဖိုးတွေလို့ မှတ်ယူစေချင်ပါတယ်။ စလစ်နဲ့ ကားတွေ ထက် စလစ်မပါတဲ့ ပါစင်နယ်အကောင့်နဲ့ တင်သွင်းရတဲ့ကားတွေက အခွန်ကျတာ ပိုသိသာပါတယ်။ ဒီထဲမှာမှ ၃ဝ% လျှော့ချပစ်လိုက်တဲ့ ၁၃၅၁-၂ဝဝဝ စီစီ ကားတွေက ကွာဟချက် အသိသာဆုံးပါ။ စလစ်နဲ့ကားတွေကတော့ စလစ်အတွက် 60% ပြန်လျှော့ပေးတာမို့ နဂိုကတည်းကမှ တန်ဖိုးနည်းပြီးသားဖြစ်တာကြောင့် သိသိသာသာကြီး ကျဆင်းမသွားပါဘူး။ နောက်တစ်ခုက ကညနက ကြေညာလိုက်တာ FOB တန်ဖိုးလို့ သုံးလိုက်တော့ တချို့က မျက်စိရှုပ်ကုန်ပါတယ်။ နဂိုကတည်းက ကညနခွန် တွက်ချက် ရာမှ FOB နဲ့ပဲ တွက်တာပါ။ အရင်ကလည်း ဒီအကြောင်းကို စာအရှည်ရေးဖူးသေးပါတယ်။ အတိုချုပ်လိုက်ရင်တော့ FOB = CIF x 0.8333 ပေါ့။
1. 1300cc (2009 မှ 2012 model အထိ)
ကားအမျိုးအစားမရွေး 1350cc အတွင်းက ကားအားလုံး အကျုံးဝင်ပါတယ်။ အရင် ကညနခွန် သိန်း၂ဝ ဝန်းကျင်မှ အခုအခါ ၁၂ သိန်းဝန်းကျင်ဖြစ်သွားပါတယ်။ ၈သိန်းလောက် သက်သာသွားမယ့် သဘောပါ။
2. Mercedes C200, 2012 model, CIF 25000
အရင်နှုန်းနဲ့ဆို ၁၆၁ သိန်းဝန်းကျင် ကျသင့်ရာမှ အခုဆို ၁ဝ၁ သိန်းလောက်သာ အခွန်ဆောင်ရမှာမို့ သိန်း ၆ဝ သက်သာသွားပါမယ်။
3. Nissan Juke / Mitsubishi RVR, 2010 model, CIF 11000
အရင်နှုန်း ၇၁ သိန်းမှ အခုအခါ ၄၄.၅ သိန်း အထိ ကျဆင်းသွားတာမို့ ၂၆သိန်းကျော်တောင် ကျသွားပါတယ်။ သူ့တန်ဖိုးနဲ့ သူရာနှုန်းနဲ့ဆို အကျကြမ်းတဲ့ထဲမှာ ပါ ပါတယ်။
4. Toyota Corolla 2009 model, CIF 8500
အရင်နှုန်းနဲ့ဆို ၅၅ သိန်းဝန်းကျင်ရှိရာမှ အခုဆို ၃၄.၅ သိန်း ဖြစ်သွားပါတယ်။
5. Range Rover Evoque, 2013 model, CIF 48000
အရင်နှုန်းနဲ့ဆို ၃၁ဝ သိန်း မှ အခု ၁၉၄ သိန်း။
6. Chevy Camaro, 2010 model, CIF 30600
၂၄၇ သိန်း မှ ၁၉၇ သိန်း။
7. Ford Mustang, 2011 model, CIF 22000
၁၇၈ သိန်းမှ ၁၄၂ သိန်း။
8. Harrier 2005, CIF 11000
၃၅.၅ သိန်း မှ ၂၈.၄ သိန်း။
9. Land Cruiser (Petrol), CIF 16000
၅၁.၇ သိန်းမှ ၄၁.၃ သိန်း။
10. Caldina 2005, CIF 6700
၁၇.၃ သိန်းမှ ၁ဝ.၈ သိန်း။
11. Caldina 2003, CIF 4500
၁၁.၆ မှ ၇.၂
12. Lexus IS 2006, CIF 12500
၄ဝ.၄ မှ ၃၂.၂
13. Toyta Landcruiser Prado 2000, CIF 10800
၃၄.၉ မှ ၂၇.၉
14. Hiace 2000, CIF 4500
၁၄.၅ မှ ၁၁.၆
15. Alphard, 2002 model, CIF 4500
၁၄.၅ သိန်းမှ ၁၁.၆ သိန်း။
16. Toyota Landcruiser, 2008 model, CIF 40000
၁၂၉သိန်းမှ ၁ဝ၃သိန်း။
17. Lexus GS, 2005, CIF 9000 (2013 cif)
သိန်း ၃ဝ မှ ၂၃ သိန်း။
18. Crown 2004, CIF 8000
၂၅.၈ သိန်းမှ ၂ဝ.၇ သိန်း။
ဒီလောက်ဆို ဘယ်ကားတွေ ဘယ်လောက်ကျသလဲဆိုတာ ခန့်မှန်းနိုင်ပြီလို့ မျှော်လင့်ပါတယ်။ မိမိကားရဲ့ အခွန်နှုန်းပြောင်းလဲမှုကို အတိအကျ သိချင်ရင်တော့ ကိုယ့်ကား ရဲ့ CIF ကို အင်ဂျင်ပါဝါအလိုက် ဖော်ပြဖူးတဲ့ ဖော်မြူလာအတိုင်း တွက်ကြည့်ကြစေချင်ပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေ....
ကိုထွဋ်ထိပ် (Distinct Trading Co., Ltd.)