Full article အဆိုပါ ထပ်မံဖွင့်လှစ်သွားမည့် တောင်ဒဂုံအာမခံရုံးခွဲသစ်အား လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။မော်တော်ယာဉ်များ နှစ်လဲ သက်တမ်းတိုးဆောင်ရွက်ရာတွင် တောင်ဒဂုံနှင့် နီးစပ်ရာမြို့နယ်များတွင် သွားရောက်လုပ်ဆောင်ရ လွယ်ကူမှုရှိရန် တောင်ဒဂုံ ကညနရုံးတွင် အာမခံရုံးဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ ထပ်မံဖွင့်လှစ်သွားမည့် တောင်ဒဂုံ ကညနရုံးမှာ အာမခံရုံးခွဲဖွင့်လှစ်သွားဖို့ရှိပါတယ်။ လာမယ့် နိုဝင်ဘာလောက်တော့ တောင်ဒဂုံကညနရုံးမှာ အာမခံရုံးခွဲဖွင့်လှစ်သွားဖို့ရှိပါတယ်။အဓိကက အာမခံ ပရီမီယံကြေးလာရောက်ပေးဆောင်တဲ့ကားတွေနီးစပ်ရာမြို့နယ်မှာ လုပ်မယ်ဆိုရင် လုပ်ငန်းတွေ မြန်ဆန်မှုရှိလာနိုင်မှာဖြစ်ပါတယ် ဟု မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မော်တော်ယာဉ်နှစ်လဲ သက်တမ်းတိုးဆောင်ရွက် လုပ်ဆောင်မည့်ကားများ အာမခံကြေးပေးသွင်းရာတွင် မြင်သာရုံးမှာ ဖွင့်လှစ်ပေးထားရှိပြီး တောင်ဒဂုံ ကညနရုံးတွင် ထပ်မံဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းသိရသည်။ ခေတ်သစ် Share this! FACEBOOK TWITTER
Previous Latest News Aug 08, 2016 Inya myaing 22+ Car service center နှင့် Mobil 1 တို့ပူးပေါင်းပြီး “Expert care program” ပြုလုပ်
Next Latest News Aug 08, 2016 Car and Gas Prices, Exchange Rates for 8.8.2016 စလစ်နှင့် စက်သုံးဆီ၊ ငွေဈေးနှုန်းများ