ပြည်ပနိုင်ငံမှ တင်သွင်းလာသော ဇိမ်ခံကားများနှင့် ယန္တရားကားများကို တင်သွင်းရန်တင်ပြထားသော မော်ဒယ်ကွဲအတိုင်းမဟုတ်ဘဲ ရုပ်ပြောင်း ကားများအဖြစ် တင်သွင်းမှုရှိလာ၍ ကညနအားမေးမြန်းထားရှိကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။
ထိုကဲ့သို့ တင်သွင်းလာသော ဇိမ်ခံကားများနှင့် ယန္တရားကားများမှာ chassis တွင်ပါရှိသော မော်ဒယ်နှင့် မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ modify ပြန်လည်လုပ်ဆောင်ထားသောရုပ်ပြောင်းထားသည့်ကားများ ဖြစ်နေ၍ မည်ကဲ့သို့ သတ်မှတ်သွားမည်အား ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနထံ အကောက်ခွန်ဦးစီးဌာနက မေးမြန်းထားရှိကြောင်း သိရသည်။
"အခုနောက်ပိုင်း ဇိမ်ခံကားတွေနဲ့ ယန္တရားကားတွေက တင်သွင်းတဲ့ chassisနဲ့ အပြင်က ရုပ်မော်ဒယ်က modify ပြန်လုပ်ထားတဲ့ကားတွေတွေ့ရတယ်။ ဥပမာ ၂ဝဝ၈ မိုဒယ်ကားဖြစ်ပြီး ၂ဝ၁၄ ရုပ်ဖြစ်နေတာပါ။ ဒီကားတွေကို ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ကညနကို ပြန်မေးထားတယ်။"ဟုအကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပကတင်သွင်းလာသော ကားများတွင်Land cruiser ကားများနှင့် Toyota Mark X ကားများကို ရုပ်ပြောင်းထားသည့် ကားများဖြစ်နေသည့်အတွက် နေပြည်တော်ကညနထံ တင်ပြထားရှိပြီး စက်ရုံကထုတ်ပေးထားသော Catalog အတိုင်း တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ရာ မူလစက်ရုံထုတ်ပုံစံမဟုတ်ဘဲ modify လုပ်ထားသော ကားများကို မှတ်ပုံတင်လုပ်ဆောင်ခွင့်မပြုထားကြောင်း သိရသည်။
Regulation