Full article

ယခင်က ယာဉ်ပိုင်ရှင်များ ကုန်းလမ်းပို့ဆောင်ရေး နှင့်ညွန်ကြားမှုဦးစီးဌာန (မြင်သာ) သို့ လာရောက်၍ လုပ်ငန်းဆောင်ရွက်ရာတွင် က.ည.န မှ တရားဝင်ခန့်အပ် ထားသော အကျိုးဆောင်များ သီးသန့်ရှိသည့် အတွက် ပွဲစားများဖြင့် ပြုလုပ်ရန်မလိုဘဲ အချိန်ကုန် သက်သာခဲ့သည်။

Kya-Nya-Na

ယခုအခါတွင် အကျိုးဆောင်များ မထားရှိတော့သည့် အတွက် ပြင်ပပွဲစားတို့၏ ဒုက္ခကို ပိုမိုခံစားလာရကြောင်း သိရှိရသည်။ က.ည.န (မြင်သာ)တွင် ယာဉ်ပိုင်ရှင်များသည် လုပ်ငန်းများဆောင် ရွက်ရာတွင် အချိန်ကုန် သက်သာမှု ရှိစေရန် ယခင်က အကျိုးဆောင်များ ဖြင့်ဆောင်ရွက်ခဲ့ကြရာ အဆင်ပြေခဲ့သော်လည်း ယခုအခါတွင် အချိန်ကုန် သက်သာစေရန် ပြင်ပပွဲစားများဖြင့် လုပ်ကိုင်ရာ၌ စာရွက်စာတမ်း မှားယွင်းခြင်း၊ ငွေကြေးပိုမို တောင်းခံခြင်း တို့ကြောင့် အခက်အခဲဖြစ်နေပြီး တရားဝင် အကျိုးဆောင်များ ပြန်လည်ဖွဲ့ စည်းပေးစေလိုကြောင်း ယာဉ်ပိုင်ရှင်များ ထံမှသိရှိရသည်။

သို့သော် က.ည.န (မြင်သာ)တွင် ယခင်က အကျိုးဆောင်များ သီးသန့်ထားရှိပေးခြင်း ရှိသော်လည်း ယခုအခါတွင် ယင်းအကျိုးဆောင်များ ကိုဝန်ထမ်းဖြင့် ပြောင်းလဲ ခန့်အပ်ခဲ့သည့် အတွက် အကျိုးဆောင်များပြန် လည်ခန့်အပ်ရန် အစီအစဉ်မရှိကြောင်း က.ည.န (မြင်သာ) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ ထို့အပြင် ယခုအခါတွင် ယာဉ်ပိုင်ရှင်များ အနေဖြင့် လုပ်ငန်းဆောင် ရွက်ရာတွင် ပွဲစားများဖြင့် မပြုလုပ်ရန် အရှိန်မြှင့် ဆောင်ရွက်နေပြီး ယာဉ်ပိုင်ရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန် အဆင့်ဆင့်ဆောင်ရွက် ပေးထားကြောင်း ၎င်းမှဆက်လက် ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပွဲစားလုပ်သက် (၁၅) နှစ်ကျော် ကြာမြင့်ပြီဖြစ်သော ပွဲစားတစ်ဦးမှလည်း ပွဲစားကောင်းများ ရှိကြောင်း၊ ဝါရင့်ပွဲစားများသည် ထိုကဲ့သို့ ပြုလုပ်ခြင်းမျိုး လုံးဝမရှိသော်လည်း တစ်ကြိမ်တစ်ခါ ဝင်ရောက် လုပ်ကိုင်သူများသည် ငွေတန်ဖိုးများပါက လိမ်ညာမှုများ ပြုလုပ်တတ်ကြောင်း၊ သို့သော်လည်း မရှိသလောက်ရှားကြောင်း ပြောကြားခဲ့သည်။

Ref: Auto World

Author

Comments