Full article

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဇန်နဝါရီလအတွင်း ယာဉ်ပိုင်ရှင်များစိတ် ကြိုက် နံပါတ်အလှများ ရောင်းချ ခြင်းဖြင့် နိုင်ငံတော်အတွက် အခွန် ငွေ သိန်း ၁,၃ဝဝ ကျော် ရှာဖွေနိုင်ခဲ့ကြောင်း 'မြင်သာကညနရုံး'မှ သိရသည်။

No-A-PU

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ယာဉ်ပိုင်ရှင်များအား စိတ်ကြိုက်နံပါတ်များ ကြိုတင်ရောင်းချပေးခဲ့ရာတွင် ၂ဝ ၁၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလ အထိ အခွန်ငွေ ကျပ်သိန်း ၁၃,၉ဝဝ ကျော်ရှာဖွေပေးနိုင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအတွက် နံပါတ်အလှများ ကြိုတင်ရောင်းချပေးရာတွင် အခွန်ငွေ ကျပ်သိန်း ၁,၃၆၈ အထိ ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။ "နံပါတ်တွေကို ကြိုတင် ရောင်းချပေးတယ်ဆိုတာက ယာဉ်ပိုင်ရှင်တွေအတွက် စိတ်ကြိုက် နံပါတ်တွေကို အဆင်ပြေပြေ နဲ့ ရရှိနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်၊ ဒီနှစ် ဇန်နဝါရီလထဲမှာတော့ နံပါတ်အလှဝယ်ယူမှုက အတော်လေး များပြားခဲ့တာကို တွေ့ရပါတယ်၊ အပူးအက္ခရာတွေ ကိုလည်း ဈေးကွက် တစ်ခုမှာ ဝယ်ယူသလို သူ့ထက်ငါဦးအောင် ယူနေကြတာ တွေ့ရတယ်၊ အခုလို ဝယ်ယူတဲ့အတွက်ကြောင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေတိုးပွားပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက် အထောက်အကူဖြစ်စေမှာပါ"ဟု 'ကနဦးမှတ်ပုံတင်ဌာန'မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ကနဦး မူသေအမှတ်အား ပိုင်ရှင်ဆန္ဒအရ ရွေးချုယ်ဝယ်ယူခြင်းဆိုင်ရာ ကဏ္ဍ အလိုက် ကောက်ခံရရှိမှု ငွေစာရင်း များအရ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂,၆၆ဝ သိန်း၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၂၆,၈၇၈ သိန်း ရရှိခဲ့ကြောင်း သိရသည်။

Ref: Automobile

Author