Full article

ဇန်နဝါရီ ၂၇ ရက်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို မြင်သာ ကညနမှ သန်လျင်ကညနရုံးခွဲသို့ ပြောင်းလဲပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ 

2_2

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒသစ်တွင် မော်တော်ယာဉ် သက်တမ်းအလိုက် အပ်နှံခွင့်ပေး ဖွယ်ရှိသောကြောင့် ကားဟောင်း အပ်နှံသူများက ယာဉ်အပ်နှံမှုကို တိုင်း ရုံးများတွင်သာမက ခရိုင်ရုံး များတွင်ပါ ပြုလုပ်ပေးရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံ အကြံပြုတင်ပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ကညနအနေဖြင့် သန်လျင်ကညန ခရိုင်ရုံးတွင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို ပြောင်းရွှေ့ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ကညနမှ တာဝန်ရှိသူတစ်ဦးက ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ကို သန်လျင်ကညနခရိုင်ရုံးမှာ ပြောင်းရွှေ့ ပြုလုပ်ပေးခဲ့တာက မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားဖို့အတွက် ဖြစ်ပါတယ်ဟု ဆိုခဲ့သည် မြင်သာ ကညနရုံးသည် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို ခရိုင်ရုံးသို့ ပြောင်းရွှေ့ပေးခဲ့သော်လည်း ကနဦး မှတ်ပုံတင်ခြင်းနှင့် ယာဉ်သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Ref: Auto Mobile

Author