ဆိပ်ကမ်းများတွင် မော်တော်ယာဉ်များ ကြိုစစ်စစ်ဆေးခြင်းကို ကညန နှင့် အကောက်ခွန်တို့ ပူးပေါင်းစစ်ဆေးသည့်ပုံစံ ပြောင်းလဲလုပ်ဆောင်သွားမည်

0

Full article

ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား ဆိပ်ကမ်းများတွင် အကောက်ခွန်ဦးစီးဌာနမှ ကြိုစစ် စစ်ဆေးခြင်းလုပ်ဆောင်နေမှုကို ကညန နှင့်အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးသည့်ပုံစံ ပြောင်းလဲလုပ်ဆောင်သွားရန်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနကသိရသည်။

ပြည်ပက ပုံမှန်တင်သွင်းလာသော မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ကြိုစစ်စစ်ဆေး၍ ကားပုံသဏ္ဍန်ကို ရှေ့နောက် ဘေးဝဲယာ ဓါတ်ပုံရိုက်ယူကာ စစ်ဆေးကြောင်း၊ ဓါတ်ပုံအထောက်အထားများနှင့် ကားအချက်အလက် အမျိုးအစား grade များခွဲကာ လုပ်ဆောင်နေလျှက်ရှိပြီး စီမံချက်ဖြင်တ့င်သွင်းလာသော ကားများကို ကြိုစစ်ဆေးခြင်း မပြုဘဲ ဆိပ်ကမ်းမှထုတ်ယူခွင့်ပြုနေကြောင်းသိရသည်။

" ဆိပ်ကမ်းမှာပုံမှန် တင်သွင်းလာတဲ့ကားတွေကို ကြိုစစ်စစ်ဆေးတာကို ကညနနဲ့ ကာစတန်တို့ ပူးပေါင်းစစ်ဆေးဖို့တင်ပြထားတယ်။ တစ်ကယ်လို့ အကြောင်းတစ်ခုခုကြောင့် ကညနရောက်လို့ လွဲမှားတာရှိရင် ပြန်စစ်ဆေးဖို့အတွက် တင်ပြထားတယ်။"ဟု အကောက်ခွန်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် ညာမောင်းကားတင်သွင်းမှုပိတ်လိုက်ခြင်းကြောင့် ပြည်ပနိုင်ငံက ဘယ်မောင်းကားများကိုသာ တင်သွင်းမှုရှိလာရာ ပြည်ပက ကားတင်သွင်းမှုနည်းပါးလာပြီး တစ်ပတ်ရစ်ဂျပန်ညာမောင်း ကားများတင်သွင်းခွင့်မရတော့၍  ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်သော   brand new ကားများသာဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

Regulation

Author