Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မတ် ၂၄ ရက် တွင် 6G အက္ခရာများ ကုန်ဆုံးသွားပြီးနောက် 7G အက္ခရာများကို မတ် ၂၅ ရက်တွင် စတင်ထုတ်ပေး ခဲ့ရာ 7G အပူးနံပါတ် သုံးခုအထိရောင်းချပြီးဖြစ်ကြောင်း 'မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန' မှ သိရသည်။

Untitled

ကညနမှ ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန် စိတ်ကြိုက်နံပါတ်များ ရွေးချယ်ဝယ်ယူခွင့်ပြုထားရာ အပူးအက္ခရာများမှာ လူကြိုက်အများဆုံးဖြစ်ပြီး ရွေးချယ်ဝယ်ယူသူများ ပြားလျက် ရှိသည်။ လက်ရှိအချိန်တွင် ရောက်ရှိအက္ခရာ 7G အပူးနံပါတ်များထဲမှ အပူးနံပါတ် သုံးခုအထိ ရောင်းချပြီးဖြစ်ကာ နောင်လာမည့် 9G အက္ခရာ အပူး နံပါတ် လေးခုမှာလည်း ရောင်းချ ပြီးဖြစ်ကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်စိတ်ကြိုက် 7G အက္ခရာ အပူး နံပါတ်ဝယ်ယူမှုတွင် 7G/3333 ကို ကျပ် ၂၄ သိန်း၊ 7G/6666 ကို ကျပ် ၃၆ သိန်း၊ 7G/8888 ကို ကျပ် ၄၂ သိန်းဖြင့် ရောင်းချပြီး ဖြစ်သည်။ ထို့ပြင် နံပါတ်တစ်ခုကျော် ဝယ်ယူမှုတွင် 9G/1111 ကို ကျပ် ၃၈ သိန်း၊ 9G/7777 ကို ကျပ် ၅၄ သိန်း၊ 9G/8888 ကို ကျပ် ၅၆ သိန်း၊ 9G/9999 ကို ကျပ် ၈၆ သိန်းဖြင့် ရောင်းချပြီး ဖြစ်ကြောင်း မြင်သာကညနရုံးမှ သိရှိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် မော်တော်ယာဉ်များကို ကနဦးမှတ်ပုံတင်များ ပြုလုပ်ပေးလျက်ရှိရာ မတ် ၂၅ ရက်အထိ ရောက်ရှိ အက္ခရာများမှာ 7G/1160 နှင့် DD/8128 တို့ဖြစ်ကြောင်း သိရ သည်။

Ref: Automobile

Author