Full article

ပြည်ပမှ တင်သွင်းလာသည့် ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံရာတွင် ဇွန်လ ၁ရက်နေ့မှ ၂ လတာ ကာလအတွင်း ငွေကျပ် သန်းပေါင်း ၅ဝဝဝ နီးပါးရှိထားကြောင်းသိရသည်။ ကြိုတင်ဝင်ငွေခွန် ကောက်ခံမှုတွင် စလစ်ကပ်ကားများ ပါဝင်မှုမရှိဘဲ တစ်ဦးချင်းတင်သွင်းသူများအနေဖြင့် ဇွန်လ ၁ရက်နေ့မှ ဇူလိုင်လ ၂၅ရက်နေ့ထိ ကားအစီးရေ ၄ဝဝဝ နီးပါးလုပ်ဆောင်မှုရှိပြီး ဘဏ်သို့ ငွေသွင်းရသည့် ပမာဏ ကျပ်သန်းပေါင်း ၅ဝဝဝ နီးပါးရရှိခဲ့ကြောင်းသိရသည်။

ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရမှုအား ယခင်က တစ်နိုင်ငံလုံးရှိကားများ ရန်ကုန်မြို့တွင်သာလုပ်ဆောင်ရပြီး လာရောက်ပြုလုပ်သည့်ကားအစီးရေများ အဆင်ပြေစေရန် မြန်မာနိုင်ငံအထက်ပိုင်း နေရာများကားအတွက် မန္တလေးရုံးတိုးချဲ့ဖွင့်လှစ်ပေးထားကြောင်းသိရသည်။

Author