ဇူလိုင်လ ၂၉ ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးသွားတဲ့ CarsDB ရဲ့ CarFriday ပွဲ

0

Full article

ပြီးခဲ့တဲ့သောကြာနေ့ Club Rizzoli (Chatrium Hotel) တွင် CarsDB ရဲ့ လစဉ်ကျင်းပနေကျဖြစ်တဲ့ CarFriday ပွဲကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။ထိုပွဲတွင် အနာဂတ်ကားဈေးကွက်အလားအလာ ဆိုတဲ့ ခေါင်းစဉ်အောက်တွင်

– Pick up,light truck တွေကိုအပ်ပြီး လူစီး/အိမ်စီးယာဉ်သွင်းခွင့်မပြုဘဲ လုပ်ငန်းသုံးယာဉ်ပဲသွင်းခွင့်ပြုတာက စလစ်ကပ်ကားတွေနဲ့ ကားလောကကို ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိစေပါသလဲ

– ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုမည့်မော်တော်ယာဉ်များ တစ်ဦးချင်းတင်သွင်းမှုကို Model Year ဖြင့်ကန့်သတ်ခြင်း ဆိုတဲ့အချက်ကိုရောဘယ်လိုသုံးသပ်ချင်ပါသလဲ

– ရန်ကုန်လိုင်စင်ကားတွေကို သက်တမ်း ၁ဝ နှစ်ကျော်လျင် သတ်တမ်းတိုးခွင့်မပြု (သို့) သက်တမ်းတိုးလျင် မှတ်ပုံတင်ကြေးတိုး မည့်အချက်ကရော အဆင်ပြေနိုင်မလား

– အခြားတိုင်းပြည်တွေမှာ အသုံးပြုနေကြတဲ့ COE (Certificate of Entitlement) စနစ်ကိုအသုံးပြုလျင် ဘယ်လိုအကျိုးအပြစ်တွေ ဖြစ်ပေါ်လာနိုင်လဲ

– မြန်မာနိုင်ငံမှာ Importer ကသုံးမျိုးရှိပြီး Brand New Importer – 3%, Sale Center Importer 22%, Individual Importer – 75% ရှိတယ်လို့သိရပါတယ်၊ အဲဒီအချက်အလက်ကိုကြည့်ပြီး ဘယ်လိုမြင်ပါသလဲ

– ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လိုင်စင်မဲ့ကားတွေစီးနင်းနေမှုကိုအရေးယူဆောင်ရွက်သွားမယ့်အပေါ်အမြင်

– လက်ရှိ အခွန်ကောက်ခံမှုစနစ် အပေါ်အမြင်

– လက်ရှိအစိုးရအနေနှင့် အနာဂတ်မှာ အသက်ဝင်လာမယ့် မော်တော်ကားတင်သွင်းမှုမူဝါဒအသစ်မှာ ဘယ်အချက်တွေကို အဓိကအခြေခံပြီး ရေးဆွဲပေးစေချင်လဲ၊ လက်ရှိမူဝါဒထဲက ဘယ်အချက်ကို ပြင်ဆင်ရေးဆွဲပေးစေချင်လဲ

– အနာဂတ်ကားဈေးကွက်အလားအလာ ကဘယ်လိုရှိနိုင်ပါသလဲ

စသည့်အကြောင်းအရာများကို

ကိုရန်မျိုးအောင် (Unity Automotive Co.,Ltd)

ကိုမင်းမင်းမောင် ( MMM Car Sale Center)

ကိုအောင်မြင်သူ ( Individual Dealer)

ကိုမြတ်မင်းချစ် ( တစ်နို်င်တစ်ပိုင်ကားလေလံ) တို့မှ ပွဲလာပရိတ်သတ်များနှင့်တကွ ရင်းနှီးစွာ တိုင်ပင်နှီးနှော ဖလှယ်ခဲ့ပါတယ်။

ထို့အပြင် CarsDB မှ CarsDB ကိုအသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ပြီး အသစ်ပြောင်းလဲလိုက်တဲ့ CarsDB website ရဲ့ ပုံစံသစ်ကို မိတ်ဆက်ပေးလိုက်ပြီး AYA Myanmar Insurance မှလည်း အာမခံကိစ္စနဲ့ ပက်သက်ပြီး ပြည့်စုံစွာရှင်းလင်းတင်ပြခဲ့တဲ့အပြင် ပွဲအတွင်းတွင်ပဲရရှိနိုင်တဲ့ ကားအာမခံ အတွက် ပရိုမိုးရှင်းကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

ဇူလိုင်လရဲ့ CarFriday ပွဲကို CarsDB မှကြီးမှုးကျင်းပပြီး AMI မှလည်း main sponsor အဖြစ်လည်းကောင်း Chatrium Hotel မှာလည်း Venue Sponsor လည်းကောင်း Drive Magazine မှလည်း Media partner အဖြစ်လည်းကောင်း ပါဝင် အားဖြည့်ပေးခဲ့ပါတယ်။

Author