၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နယ်လှည့်လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

0

Full article

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်းကို ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ အတွင်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နယ်လည့်ကွင်းဆင်းကာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်းဆောင်ရွက်ပေးမည့် မြို့နယ်များမှာ ကချင်ပြည်နယ်တွင် မိုးကောင်း၊ စစ်ကိုင်းတို်င်းဒေသကြီးတွင် ဘုတလင်၊ မြောင်၊ တန့်ဆည်၊ တနင်္သာရီတိုင်းဒေသကြီးတွင် သရက်ချောင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးတွင် နတ်တလင်း၊ ပေါင်းတည်၊ မကွေးတိုင်းဒေသကြီးတွင် ရေနံချောင်း၊ တောင်တွင်းကြီး၊ ဆော၊ စလင်း၊ အောင်လံ၊ မင်းလှ၊ ကန်ပက်လက်၊ မန္တလေးတိုင်းဒေသကြီးတွင် မတ္တရာ၊ တောင်သာ၊ စဥ့်ကိုင်၊ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊ သုံးခွ၊ ရှမ်းပြည်နယ်တွင် ညောင်ရွှေ၊ ပင်လောင်း၊ ကွန်ဟိန်း၊ သိန်းနီ၊ သီပေါ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျုံပျော်၊ ညောင်တုန်း၊ ဇလွန်၊ ကျိုက်လတ်မြို့နယ်တို့ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါမြို့နယ်များရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သောအချက်အလက်များ စုစည်းထားပါရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်သိရှိဆောင်ရွက်နိုင်စေရန် အသိပေးနှိုးဆော်ထားကြောင်းသိရသည်။

Zing

Author

Comments